ဦးနေဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာမသိ။ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာမသိပေမယ့် ကလေးရဲ့အဖေဆိုသည့် စိတ်လေးတစ်ခုထဲနဲ့အားကိုးကာ ရန်ကုန်အထိလိုက်လာခဲ့ခြင်းပါ။ ကိုယ့်ရဲ့ဖျင်လွယ်အိတ်ကလေးထဲမှာ အမြဲထည့်ပေးထားနေကြ ဦးနေပေးခဲ့တဲ့လိပ်စာလေးတစ်ခုဖြင့်ရောက်လာခဲ့ခြင်း။ ဒီကိုရောက်ဖို့အတွက်လည်း ကားလည်းမှားစီးခဲ့ရသည်။ လမ်းလည်းမှားခဲ့ရသည်။ ခါးပိုက်နှိုက်လည်းခံခဲ့ရပြီးမှ နောက်ဆုံးအိတ်တွေအများကြီးဖြင့် အရူးတစ်ယောက်လိုဦးနေဆီရောက်လာခဲ့ရခြင်းပင်။ လာတောင်းစားသည့်လူလို့ သတ်မှတ်ကာကိုယ့်ကိုပိုက်ဆံတွေလာပစ်ပေးသည့် ဦးနေရဲ့မျက်နှာကိုပြန်မြင်ယောင်မိရင်း ကိုယ့်ကိုယ်ကိုလည်းပြန်ငု့ံကြည့်လိုက်မိလေသည်။ ကိုယ်ကလည်းတကယ်ကိုစုတ်ပြတ်သတ်နေတာပဲ။ အေးပေါ့လေ ကလေးတစ်ယောက်ကိုချီရင်း လမ်းမှာပဲသောင်တင်နေခဲ့တာ ဘယ်နှစ်ရက်ကြာခဲ့ပြီလဲလေ။ ရေမိုးချိုးထားပြီးသည့်တိုင် လူကအခုထိမပြောင်ရောင်သေးသည့်ကိုယ်ကြောင့် အနည်းငယ်တော့ရှက်ရွ့ံမိသည်။ ပြီးတော့ ဦးနေကသည်လောက်ထိကြွယ်ဝချမ်းသာလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါ။ နန်းတော်သမျှခမ်းနားလှတဲ့အိမ်ကြီးကိုမြင်လိုက်မှပင် ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။ ဦးနေလိုလူမျိုးကကိုယ့်ကိုလိုချင်ခဲ့သည်ဆိုတာ တကယ်ကိုမယုံနိုင်စရာပင်။ ယခုလိုသာကြီးကျယ်ခမ်းနားလွန်းတာကို သိခဲ့ရင်လာဖြစ်မယ်မထင်မိပါ။ ဒါပေမယ့်လည်း ဦးနေကယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေလူ့ကျင့်ဝတ်ကိုသိ
တတ်သည့်လူဆိုတာတော့ ဒုက္ခရောက်နေသည့်ကိုယ့်ကိုယခုလိုနေစရာ စားစရာစီစဉ်ထားပေးတာနှင့်ပင် သိနိုင်ပေသည်။ ဦးနေကတော့ ပထမဆံးုစရောက်သည့်အချိန်ကတစ်ခါပဲတွေ့ရသေးကာ ယခုတစ်ပတ်ပင်ပြည့်တော့မည်ဆိုပေမယ့် ထပ်မတွေ့ရတော့ပါ။.ကောင်လေး.
.ဗျာ.
သားကိုကျောနောက်မှာပိုးစောင်လေးဖြင့်ချီပိုးထားကာ အတွေးတွေနယ်ချဲ့နေမိစဉ် အခန်းထဲနေ့စဉ်ထမင်းလာပို့နေကြ အန်တီဝါဆိုသူကလာခေါ်တာကြောင့်အမြန်ပြန်ထူးလိုက်မိသည်။
YOU ARE READING
တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ်
Teen FictionOC Fic အကြမ်းလေးမို့ ကြို်တင်Warning ပေးထားပါတယ်နော်