တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ် ၄၁

2.2K 102 41
                                    

ကလေးလေးကိုချီထားတဲ့ သုရှင်ရှားရယ်သခင်ရယ် ဘေးမှာအထုပ်ကြီးအထုပ်ငယ်ကိုင်ထားတဲ့ကိုယ်ရံတော်တွေရယ်။သခင့်ရဲ့မျက်နှာက တည်နေပေမယ့်အလိုမကျတဲ့မျက်နှာတော့မဟုတ်ခဲ့။ သုရှင်ရှားပွေ့ချီထားတဲ့ ကလေးကိုလည်းပြန်ငဲ့စောင်းကြည့်နေတတ်ကာ ဘေးနားမှာရှိသမျှတွေကိုလည်းနောက်ကခြင်းထဲ ထည့်နေတတ်သေးတာ။ သခင့်ရဲ့ပခုံးလောက်သာရှိတဲ့ သုရှင်ရှားကလည်းသခင့်ကိုပါးစပ်လေးအဟောင်းသားဖြင့်မော့ကြည့်ရင်း ခေါင်းလေးတခါခါ။ သုရှင်ရှားပွေ့ချီထားတဲ့ကလေးလေးကတော့ သုရှင်ရှားကိုတစ်လှည့် သခင့်ကိုတစ်လှည့်ကြည့်နေကာဘေးပတ်ဝန်းကျင်ကိုလည်းကြည့်နေပြီး သဘောကျနေဟန်။ သခင်ကမိသားစုနဲ့တောင်ဈေးဝယ်ထွက်တတ်နေပြီလား။ ကျောက်ရုပ်တစ်ရုပ်လိုနေရာမှာပဲ ရပ်တန့်နေမိကာသခင်တို့ရဲ့ပုံရိပ်ကိုကြည့်နေမိသည်။ အရင်ကသခင့်ရဲ့နောက်မှာကိုယ်ရှိနေခဲ့တာ။ ဒီလိုshopping mallတွေရောက်တိုင်း ကိုယ့်အတွက်ဆိုပြီးသခင်ကသူ့စိတ်ကြိုက်အဝတ်အစားတွေအမြဲဝယ်ပေးခဲ့တာ။ အပြုံးအရယ်ကင်းတဲ့သခင်က ကိုယ့်ကိုအဝတ်အစားဝယ်ပေးတဲ့အခါတိုင်းအမြဲလိုလိုပြုံးနေတတ်ခဲ့တာ။ သခင်က ငါမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးကိုတွေးခဲ့ပြီး ငါအထင်မှားခဲ့တာပဲ။သခင့်ကိုဖျက်ဆီးမယ်လို့ကြွေးကြော်ခဲ့မိတာပဲ။ ထိုအရာတွေကသခင်နဲ့ပိုလို့ဝေးကွာသွားမယ့်အကြောင်းပြချက်တွေဆိုတာကို အခါနှောင်းမှသိခဲ့ရလေသည်။

.ဦးနေ တော်ပါပြီ ဒီလောက်ဆိုရပါပြီ အရုပ်တွေရောအဝတ်အစားတွေရောပုံနေပါပြီ နောက်ထပ်ဘာမှထပ်မလိုတော့ပါဘူး.

.ကလေးကိုဝယ်ပေးနေတာကိုဘာလို့လိုက်ပိတ်ပင်နေတာလဲ သုရှင်ရှား မင်းကလေးကိုလည်းပြန်ကြည့်ဦး တစ်ခါလာလည်းဒီအဝတ်အစား တစ်ခါလာလည်းဒီအဝတ်အစားပဲလေ ဒါကြောင့်ဝယ်ပေးနေတာ.

.အခုဒိ်ီလောက်ဆိုရပါပြီ တစ်နေ့တစ်နေ့တစ်ထည်ပြီးတစ်ထည်မထပ်အောင်လဲဝတ်နေရင်တောင် ကုန်တော့မှာမဟုတ်ဘူးရယ် အရုပ်တွေကလည်းအရမ်းများနေပါပြီ.

.ဟုတ်သားပဲ ကလေးတွေအတွက်ထုတ်ထားတဲ့အိပ်ရာခင်းနဲ့ပုခက်လေးရှိသေးတယ် အဲ့ဘက်ကိုသွားကြည့်မယ်.

တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ်Where stories live. Discover now