Chapter-5

887 72 22
                                    

\Unicode/

ဒီနေ့ တနင်္ဂနွေနေ့လည်းဖြစ်သလို Kookie နဲ့လည်းအပြင်လျှောက်မလည်ရတာ ကြာပြီမို့ Date လုပ်ဖို့ဆုံးဖြတ်လိုက်ကာ အပြင်သွားဖို့အတွက် Dahyun အင်္ကျီရွေးနေမိသည်။

ပေါ့ပေါ့ပါးပါးသာဝတ်သွားဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဂျင်းအပွဘောင်းဘီရယ်၊ တီရှပ်ပန်းနုရောင်လေးရယ် ထိုနောက်အပေါ်မှ ကုတ်အရှည်လေးထပ်ဝတ်လိုက်သည်။

အလုပ်သွားရင်အမြဲတမ်းဆံပင်ကိုသပ်ရပ်အောင်စုစီးသွားဖြစ်တာကြောင့် ဒီနေ့တော့မစီးတော့ပဲ ဆံပင်ကိုချထားလိုက်သည်။ ခေါင်းလျှော်ပြီးဆံပင်ကိုအနည်းငယ်ပုံသွင်းထားတာမို့ ဆံပင်အောက်ဖျားတွင်အခွေကောက်လေးများက ညီညာစွာဖြင့်ရှိနေသည်။

အိမ်နားတွင် ကားဟွန်းသံကြားသောကြောင့် Kookie ရောက်ပြီဆိုတာကိုသိလိုက်သည်။

အိမ်အောက်ထပ်သို့ဆင်းလာတော့ အဖေတို့နှင့် တန်းတိုးတော့သည်။ ဧည့်ခန်းတွင် အဖေကသတင်းစာဖတ်ကာ အမေကတော့
တီဗီကြည့်နေလေတယ်။

"သမီး.. Dahyun ဘယ်သွားမလို့လဲ"

"ဟို...သူငယ်ချင်းတစ်ယောက်နဲ့သွားတွေ့မလို့"

"သူငယ်ချင်းဆိုတာ Jungkook ကိုပြောတာလား၊ အမေခြံထဲဆင်းရင်း Jungkook ကားတွေ့လိုက်လို့"

"အာ..ဟုတ်တယ်"

"သူနဲ့က ဘာကိစ္စရှိလို့လဲ"

အဖေက သတင်းစာဖတ်နေရာမှမော့ကြည့်လာကာ သွေးအေးစွာမေးလာသည်။

"အလုပ်ကိစ္စလေးမေးစရာရှိလို့ပါ"

"သေချာရဲ့လား?"

အပြင်သွားရင်အမြဲတမ်းဘယ်သွားမလို့လဲသာ မေးတတ်သော အဖေဟာဒီနေ့မှထူးဆန်းစွာ အတိကျမေးနေတော့လက်ဖျားများအေးစက်ကာ တုန်လာမိသည်။

"အို..အဖေရယ်၊သမီးနောက်ကျနေဦးမယ်
ငယ်ငယ်ကတည်းက သမီးက Jungkookနဲ့သွားလာနေကြပဲကို"

"အင်း..ငယ်ငယ်ကတော့မှန်တာပေါ့
ဘာမှစိတ်ပူစရာမရှိဘူးလေ။ အခုက နှစ်ယောက်လုံးကလည်းအရွယ်ရောက်ပြီးသားတွေဖြစ်နေပြီဆိုတော့..."

You've reached the end of published parts.

⏰ Last updated: Oct 08, 2021 ⏰

Add this story to your Library to get notified about new parts!

𝐅𝐨𝐫 𝐓𝐡𝐞 𝐋𝐨𝐧𝐠𝐞𝐬𝐭 𝐓𝐢𝐦𝐞 Where stories live. Discover now