Chapter-1

2.6K 173 22
                                    

\Unicode/

Japan ကနေ Seoulကို မပြန်စေချင်တဲ့အစ်ကိုဖြစ်သူကတော့ လေဆိပ်ကိုလိုက်ပို့တဲ့အထိ မျက်နှာကမလန်းပေ မသွားနဲ့လို့အတန်တန်ပြောပေမဲ့လည်း အခုတစ်စုံတစ်ယောက်ကိုသွားတွေ့ရတော့မယ့်အချိန်ရောက်ပြီထင်လို့ ဘယ်လောက်ဘဲတားနေပါစေ မဖြစ်ဖြစ်အောင်ကို Seoul ကိုပြန်လာဖို့စီစဉ်ခဲ့သည်

"ညီမလေး ဟိုရောက်ရင်ဖုန်းဆက်နော်"

"ဟုတ်ကဲ့ပါ အစ်ကိုရယ် စိတ်မပူပါနဲ့"

အစ်ကိုဖြစ်သူရဲ့လက်မောင်းကိုကိုင်လိုက်ရင်း

"အားလုံးအဆင်ပြေသွားမှာပါ..."

"ညီမလေးကို အစ်ကိုမသွားစေချင်ဘူး အစ်ကိုစိတ်မချဘူး"

"အစ်ကိုရယ် ခဏနေရင်ဘဲလေယာဉ်ထွက်တော့မှာကို စိတ်မပူပါနဲ့ ညီမလေးအဆင်‌မ‌ပြေဘူးဆိုရင်ပြန်လာခဲ့ပါ့မယ်..."

အစ်ကိုဖြစ်သူအား ဖက်ကာနှုတ်ဆက်ပြီးနောက်

"ညီမလေး သွားတော့မယ်နော် အစ်ကိုလည်းဂရုစိုက်နော်"

"အေးပါ..ကောင်းကောင်းသွားနော်"

ပြုံးပြနှုတ်ဆက်ပြီးနောက် လေယာဉ်ပေါ်တက်လာခဲ့သည်။

အစ်ကိုဖြစ်သူ Kim Woo Hyun လည်း ညီမဖြစ်သူ Kim Dahyun ရဲ့နောက်ကျောပြင်ကိုဘဲကြည့်ကာ သက်ပြင်းအကြိမ်ကြိမ်ချမိသည်

မသွားစေချင်လို့အတန်တန်တားခဲ့ပေမဲ့ ညီမဖြစ်သူကလုံးဝတားမရပေ Dahyun ဟာငယ်ငယ်လေးကတည်းက သူ့စိတ်ဆုံးဖြတ်ချက်ချပြီးရင် မဖြစ်ဖြစ်အောင်လုပ်လေ့ရှိတာကြောင့် အခုကိစ္စကိုလည်းတားမရခဲ့ပေ

Dahyun ရဲ့အပြုံးတွေဟာလည်းနှုတ်ခမ်းလေးကွေးရုံမျှသာရှိသည်၊သူ့ညီမရင်ထဲမှာဘယ်လိုခံစားနေရမလဲဆိုတာ သူကောင်းကောင်းကြီးသဘောပေါက်ပါတယ်

Seoul ကိုပြန်သွားခြင်းဟာ သူ့ရဲ့ချစ်သူနဲ့ပြန်သွားတွေ့ခြင်းဖြစ်သည်၊တစ်ချိန်ကတော့ချစ်သူတွေပေါ့ အခုချိန်မှာတော့ အတိတ်ကအကြောင်းတစ်ခုကြောင့် ကောင်လေးဟာညီမဖြစ်သူကိုမုန်းတီနေသည် သူ့ညီမကတော့တစ်ဖက်သတ်ချစ်ရသူပေါ့

ဒီလိုမုန်းတီးနေမှန်းလည်းသိရက် ခါးသီးနေမှန်းသိလျက်နဲ့ထိုကောင်လေးကို ဆက်ချစ်နေသော ညီမဖြစ်သူအား Kim Woo Hyun တစ်ယောက် စိတ်မကောင်းဖြစ်ပေးရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ......

𝐅𝐨𝐫 𝐓𝐡𝐞 𝐋𝐨𝐧𝐠𝐞𝐬𝐭 𝐓𝐢𝐦𝐞 Where stories live. Discover now