Chapter -7

294 29 5
                                    

Unicode

"Kookie~"

"Jungkookie..?

"Mr.Jeon?"

"Jeon Jungkook shi!"

Dahyun အမည်တစ်ခုတည်းကို မျိုးစုံအောင်ခေါ်ပြီး စိတ်ကောက်နေတဲ့ သူမကောင်လေး Jungkook ကိုချော့နေသည်။

Kookie က shopping mall မှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခုထိစိတ်ဆိုးမပြေသေးပါ။အစကဆို သူပို့တဲ့စာတွေတောင် မပြန်တော့ လာမတွေ့ဘူးတောင် ထင်ထားခဲ့ပေမယ့် မျှော်နေတဲ့အတိုင်း ရောက်လာပေးလေတော့ ရင်ထဲမှာ ပီတိတွေကြိတ်ပြီး ဝေနေမိခဲ့သေးသည်။

ဒါကြောင့် ဒီလိုချစ်ဖို့ကောင်းတဲ့ ကောင်လေး စိတ်ကောက်ပြန်တော့လည်း Dahyun စိတ်ရှည်လက်ရှည်နဲ့ ထိုင်ချော့ရပြန်တော့သည်။

"Kookie..တစ်ချိန်လုံးစကားမပြောဘဲ ဒီလိုပဲနေတော့မှာလား"

အသံတိတ်ပြီး ဘာမှမပြောတော့ စားပွဲခုံကိုကျော်ကာ အနားသို့မျက်နှာတိုးကပ်သွားလိုက်ပြီး လေသံတိုးတိုးနဲ့ပြောလိုက်သည်။

"စိတ်ဆိုးနေတာလားဟင်"

"မဆိုးပါဘူး"

မျက်စောင်းအကြည့်လေး လက်ဆောင်ပေးခံရလေတော့ Dahyun ပြုံးစိစိနဲ့ နှုတ်ခမ်းကိုဖိကိုက်မိသည်။

"သေချာပြီ..စိတ်ကောက်နေတာပေါ့လေ၊ဟုတ်လား..မှန်းစမ်း!"

ပါးနှစ်ဖက်ကို ဆွဲယူညှစ်လိုက်တော့ ချွန်ထွက်လာတဲ့ နှုတ်ခမ်းပါးပါးလေးကို တစ်ခဏမျှငေးမောလိုက်မိသေးသည်။

"Nochu..မစနဲ့ကွာ"

ထိုအခါ ပါးလေးကိုလွှတ်ပေးလိုက်ရင်း Kookie ရဲ့နဘေးနေရာကိုပြောင်းထိုင်လိုက်သည်။ဖြူလျတဲ့ လက်ချောင်းတွေကိုယှက်သွယ်လိုက်တော့ မငြင်းပယ်...

"မစတော့ဘူး..တကယ်အတည်ပြောမယ်၊ပြော.. Nochu အပေါ် ဘာစိတ်ခုနေလဲ၊Nochu ဘာလုပ်ပေးရင် Kookie စိတ်ဆိုးပြေမလဲ..Nochu အကုန်လုပ်ပေးမယ်"

သူ့လက်ချောင်းများကြားက ရုန်းထွက်ရင်း Kookie သူနှင့် မျက်နှာချင်းဆိုင်လာသည်။

"ကိုယ် မင်းအပေါ် ဘာမှစိတ်ခုနေတာလည်းမရှိဘူး၊စိတ်ဆိုးတာလည်း မရှိဘူး။
ချွဲယောင်ဟွန်း ဆိုတဲ့လူကို အဲ့နေ့က ဘာလို့ ကိုယ်တို့အကြောင်းလိမ်ပြောရတာလဲ..အဲ့လူနဲ့ Nochu ဘယ်လိုသက်ဆိုင်မှုရှိလို့လဲ ဆိုတာပဲ ကိုယ့်ကိုပြောပြပေး"

𝐅𝐨𝐫 𝐓𝐡𝐞 𝐋𝐨𝐧𝐠𝐞𝐬𝐭 𝐓𝐢𝐦𝐞 Where stories live. Discover now