Chapter-3

1.2K 130 42
                                    

\Unicode/

Kookie နဲ့ချစ်သူတွေဖြစ်တာအခုဆို တစ်ပတ်တောင်ရှိပြီဖြစ်သည်၊ဒီနေ့လေးကတော့ ချစ်သူသက်တမ်းတစ်ပတ်ပြည့်တဲ့နေ့လေးပေါ့

လျှောက်လည်မယ်ဆိုပြီးပြောထားတာကြောင့် ချိန်းထားတဲ့ကော်ဖီဆိုင်လေးသို့

ဆိုင်ကိုရောက်တော့ Kookie ကတော့အခုထိမရောက်သေးပေ၊ကော်ဖီနှစ်ခွက်နှင့်အတူ ကိတ်တစ်ခုစီမှာပြီးစောင့်နေသည်

ခဏကြာတော့ Kookie ရောက်လာလေသည်

"Miyan..ကိုယ်နောက်ကျသွားတယ်"

"ရပါတယ် ကော်ဖီသောက်လိုက်အုံး"

"Omm....ဒီနေ့ဘာလို့လျှောက်လည်မယ်ပြောတာလဲ"

"ဟမ်.."

"Nochu ကတစ်ခါမှလျှောက်လည်မယ်မပြောဖူးဘူးလေ အဲ့တာကြောင့်ထူးခြားတာတစ်ခုခုရှိလို့လားလို့"

Kookie ကိုကြည့်လိုက်တော့ ကော်ဖီအေးဆေးသောက်ရင်းပြောနေလေသည်

"နောက်နေတာလား Kookie"

"ကိုယ်လား..မနောက်ပါဘူး ဘာလို့နောက်ရမှာ တကယ်မသိလို့မေးတာ"

"ဒီနေ့ ဘာနေ့လဲမသိဘူးလား"

"စနေနေ့"

"ပြီးတော့ရော.."

"ပြီးတော့ မသိဘူး"

"Yar!!တကယ် ဒီနေ့ဘာနေ့လဲဆိုတာမသိဘူးလား ဒီနေ့က နင်နဲ့ငါချစ်သူဖြစ်တာတစ်ပတ်ပြည့်တဲ့နေ့ဟဲ့၊ အဲ့တာကြောင့်လျှောက်လည်မယ်ပြောတာ မသွားချင်ဘူးဆိုလည်းနေပေါ့ ငါလည်းပြန်တော့မယ် တစ်ယောက်တည်းနေခဲ့တော့"

မတ်တပ်ထရပ်လိုက်သော Nochu အားလက်မှပြန်ဆွဲကာ ထိုင်စေရင်း

"ဟားဟား..ကိုယ်ကစတာကို ထိုင်ပါအုံး"

"Jeon Jungkook နင်တကယ်မသိတာမလား"

"Nochu ကလည်းမသိစရာလား၊သိတာပေါ့ ဒီတိုင်း စလိုက်တာကို စိတ်မဆိုးပါနဲ့"

𝐅𝐨𝐫 𝐓𝐡𝐞 𝐋𝐨𝐧𝐠𝐞𝐬𝐭 𝐓𝐢𝐦𝐞 Where stories live. Discover now