Chapter-2

1.3K 135 17
                                    

\Unicode/

နွေဦးရာသီဖြစ်တာကြောင့် ကျောင်းဝန်းထဲ၌သစ်ရွက်များက တလွှင့်လွှင့်နှင့် တိုက်ခတ်သော လေနွေးနွေးနောက်ပြေးလိုက်နေသလိုပင်

နေ့လည်ထမင်းစားချိန်ဖြစ်တာကြောင့် ကျောင်းဝန်းထဲရှိ ခုံတန်းများတွင် ကျောင်းသားတချို့အပန်းဖြေသောသဘောနှင့် လာထိုင်နေကြသည်၊ထိုထဲတွင် Dahyun တစ်‌ယောက်လည်းအပါဝင်ပေါ့

စာမေးပွဲကနောက်တစ်ပတ်ကြရင်ဖြေတော့မှာမို့ စာအုပ်လေးတစ်အုပ်နှင့် စာကိုပိုအာရုံစိုက်နေသည်

စာဖတ်နေရင်း ခဏကြာတော့ သူ့ဘေးသို့လူတစ်‌ယောက်ရောက်လာလေသည် ဘယ်သူလဲဟူ၍ ကြည့်လိုက်တော့ Kookie ဖြစ်နေသည်

Kookie ကဘာမှမပြောဘဲ အခြားကျောင်းသားတွေထိုင်နေသော ခုံတန်းတွေဆီသာ အကြည့်ရောက်နေလေသည် သူလည်းဘာမှမပြောဘဲ စာသာပြန်ဖတ်နေလိုက်သည်

"နေ့လည်စာ စားပြီးပြီလား"

"အင်း..နင်ရော"

"Omm.."

"Kookie စာတွေရနေပြီမလား"

"Omm..ရပြီ"

"အေးပါ..သေချာလုပ်နော်"

"Nochu.."

"အင်း ပြောလေ"

"အခုတလော ဘာလို့ နင်နဲ့ငါ့ကြားမှာအေးစက်သလိုဖြစ်နေတာလဲ...."

စကားအဆုံး Kookie အားကြည့်လိုက်တော့ နဖူးပေါ်ထက် အုပ်အုပ်ကလေးဖြစ်နေတဲ့ဆံနွယ်တွေဟာ တိုက်ခတ်သွားတဲ့လေကြောင့် တစ်ချက်လွှင့်ပြန်သွားသည်၊ပြန်ပြီးတော့ စာအုပ်ပေါ်အကြည့်လွှဲလိုက်ပြီး

"နင်..နင်စိတ်ထင်လို့နေမှာပါ ငါတို့ကအရင်တိုင်းပါဘဲ..စာမေးနီးတော့ စာကိုအာရုံစိုက်နေကြလို့ပါ"

"ငါစိတ်ထင်နေတာမဟုတ်ဘူး..အရင်ကလိုငါတို့အမြဲတူတူရှိနေမနေတော့ဘူး နောက်ပြီး..နောက်ပြီးတော့ နင့်ရဲ့အပြုံးတွေလည်းမမြင်ရတော့သလိုဘဲ ဒီနေရာကနည်းနည်းနာကျင်ရသလိုဘဲ..."

ထပ်ပြီးတော့ ကြည့်လိုက်တော့ Kookie ကသူ့ရဲ့နှလုံးသားနေရာကို ဖိကိုင်ရင်းပြောနေသည် မျက်လုံးတွေကတော့ ကျောင်းသားတွေဆီမှာ သာရှိနေသေးသည်

𝐅𝐨𝐫 𝐓𝐡𝐞 𝐋𝐨𝐧𝐠𝐞𝐬𝐭 𝐓𝐢𝐦𝐞 Where stories live. Discover now