ချန်ဖေးယွီ ချက်ချင်းဘဲသူရဲ့ချစ်ရသူဆီ လက်ကမ်းပေးလိုက်တယ်
သိုသော်မမြင်ရတဲ့အတွက်သူက မင်းသမီးချီသလိုပွေ့ချီကာခေါ်သွားလိုက်တယ်လော်ယွင်ရှီး တကိုယ်လုံးကြက်သိမ်းများတောင်ထသွားသည်
'ငါကယောက်ျားလေးပါ ဘာလို့မင်းသမီးတစ်ယောက်လိုပွေ့ချီရတာလဲ??'ချန်ဖေးယွီ ချစ်ရသူအားဧည့်ခန်း၌ထိုင်စေပြီး ရေနွေးခွက်အား ကမ်းပေးလိုက်သည်
သူချစ်ရသူလေးပင်ပန်းနေရောပေါ့"အချစ် မျက်လုံးကဘယ်လိုဖြစ်တာလဲ"
"အဟွတ် အဟွတ်"
ယွင်ရှီးအချစ်ဆိုသောနာမ်စားကြောင့် ရေနွေးကြမ်းပါသီးသွားရသည်
'နေပါဉီး ငါကနားလဲမကြားရဘူးလေ
လော်ယွင်ရှီး ခေါင်းရှုပ်ပြီးမျက်နှာလေးမဲ့သွားသည်'ဒါကိုသေချာကြည့်နေသော ချန်းဖေးယွီ ကမြင်လိုက်ရတဲ့အတွက်
"အချစ်မဖြေချင်လဲကိုယ်မမေးတော့ပါဘူးနားတော့နော် အခန်းကိုယ်လိုက်ပို့မယ် ညမှမဂ်လာပွဲအကြောင်းဆွေးနွေးကြတာပေါ့"
ချန်ဖေးယွီ နောက်တစ်ခါမင်းသမီးချီသလိုထပ်ချီလိုက်ပြန်သည်
လော်ယွင်ရှီး ကတော့ သူ့ကိုယ်သူအရမ်းများအားနည်းနေပြီလားဟုတွေးလိုက်မိတယ်🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရှောင်ကျန့် အဆောင်တော်ထဲသို့ လျို့လီဝင်လာကာ"ကြင်ယာတော် "
"ပြောလေ လျို့လီ"
"ချန်မင်းသားရဲ့ကြင်ယာတော်လေးက မျက်လုံးမမြင်ရဘူးအိမ်တော်ကလူတွေပြောနေတာကြားခဲ့ရပါတယ်"
ရှောင်ကျန့် အံဩသွားတယ် လော်ယွင်ရှီး ကအရမ်းကိုလှတဲ့အလှလေးပါ မျက်လုံးလည်းမြင်ပါတယ်
ဧကန်န သူတစ်ခုခု များကြိုမြင်ထားလို့လား မနက်ဖြန်သူဆီသွားကြည့်ရမယ်
((လော်မျိုးနွယ်စုက ရှေ့ဖြစ်မြင်တယ်ဆိုတာ ဖော်ပြထားပြီးသားပါနော် 😁))
အတွေးလွန်နေသော ကြင်ယာတော်လေးကြောင့် လျို့လီအသာလေးပြန်ထွက်လာခဲ့တယ်ဒီရက်ပိုင်းသူ့သခင်က အမြဲတမ်းအတွေးလွန်နေတတ်ပြီးအလွန်ပင်ပန်းနေပုံပေါ်တယ်

YOU ARE READING
ငါကဝမ်ရိပေါရဲ့ကြင်ရာတော်ကွ!
Randomစောက်ကျိုးနဲ ငါအခုဝတ္ထုစာအုပ်ထဲရောက်လာတာလား ရှောင်ကျန့်