part3

3.9K 324 9
                                    

ရှောင်ကျန့် ပြင်ဆင်လို့ပြီးသွားတော့ဘုရင်ဉယျာဉ်ဘက်ထွက်လာခဲ့တယ်
        ရှောင်ကျန်ပုံကဖြူဖျော့ပြီးနေမကောင်းတဲ့ပုံထွက်နေတယ်
             ရှောင်ကျန့် လမ်းလျှောက်လာရင်းကျက်သရေတုံးတဲ့၂ယောက်ကိုတွေ့လိုက်တယ်
     သူတို့ကကိုယ်လုပ်တော်မူချင်းယဲ့နဲ့ကိုယ်လုပ်တော်မာရွှယ်ရင်
           "အဟက်!!!ဘယ်သူများလို့ယောကျ်ားတန်မဲ့မင်းကြီးကိုမြူဆွယ်ထားတဲ့တောသားကောင်ကို"
      "ဟုတ်ပအမတော်ရယ်အရှက်မရှိချက်ကသူ့ကိုယ်သူဘုရင့်ရဲ့အချစ်ဆုံးထင်နေလားမသိ"
       "အထိအတွေ့သစ်တွေကြောင့်သာယာနေတာမင်းကြီးကငြီးငွေ့သွားရင်ကျွန်မတို့ဆီဘဲ​ ပြန်လာမှာနော်"
            မာရွှယ်ရင်ရဲ့စကားကိုမူချင်းယဲ့ကထောက်ခံကာ
     "ဟုပဒါနဲ့ကြင်ယာတော်လောင်းလေးကအတွေ့အကြုံရှိပုံဘဲနော်အဲ့တာမို့မင်းကြီးကိုကောင်းကောင်းပြုစုနိုင်တာ"
        လျို့လီဒေါထွက်မိတယ်မိမိသခင်ကထိုနှစ်ယောက်ကိုဘာမှပြန်မလုပ်ဘူးလားမိမိသခင်ကရိုးသားလိုက်တာ
         သို့သော်သူမအထင်မှားနေမှန်းသိလိုက်ရတယ်
       သေလောက်တဲ့ဖိအားနဲ့အေးစက်တဲ့အငွေ့အသက်တွေလွှမ်းခြုံနေတဲ့သူမ သခင်ကထိုသူနှစ်ယောက်နားသွားပြီးပြောလိုက်တဲ့စကားက
         "အရှင်က ကျန့်ကိုအရမ်းချစ်တာလေတခါတလေဆိုကျန့်မှာ၃ရက်လောက်မထနိုင်ဘူး"
         "တချို့တွေနဲ့ဘယ်တူမလဲအရှင့်ပိုင်ဆိုင်မှုဖြစ်တာကြာပြီတောင်အရှင်ကသူတို့အဆောင်ဘက်ခြေဉီးတောင်မလှည့်ခဲ့ဘူး"
         လျို့လီသူမသခင်ကြောင့်သ‌ေဘာကျစွာ ပြုံးလိုက်တယ်သူမသခင်ကအရမ်းမိုက်တယ်
          ရှောင်ကျန့်ရဲ့ပြောစကားကကိုယ်လုပ်တော်၂ယောက်ရဲ့အရှိုက်ထိစေတာမို့ဒေါသထွက်ကာရှောင်ကျန့်ရဲ့ပါးကိုရိုက်လိုက်တယ်
         ဖြောင်း!!!!!!!
ရှောင်ကျန့်ပြန်ရိုက်ဖို့ပြင်လိုက်ပေမဲ့မျက်လုံးထောင့်ကအရိပ်ကြောင့်လှဲချလိုက်ကာမျက်နှာအားအတတ်နိုင်ဆုံးငယ်ထားလိုက်တယ်
           ဝမ်ရိပေါ်ညီတော်နဲ့နန်းရေးကိစ္စဆွေးနွေးပြီးပြန်အထွက်မှာကလေးပေါက်
လှကျသွားတာကိုမြင်လိုက်တယ် ထိုမြင်ကွင်းကသူအားဒေါသထွက်စေတယ်
            "ကျန့်!!!"
     ဝမ်ရိပေါရှောင်ကျန့်နားအပြေးသွားကာရင်ခွင်ထဲထည့်ဖက်လိုက်ပြီး
            ကိုယ်လုပ်တော်နှစ်ယောက်အားအေးစက်ဆုံးအကြည့်တွေနဲ့ကြည့်လိုက်တယ်ကိုယ်လုပ်တော်နှစ်ယောက်မှာကြောက်လို့ဒူးတုန်နေပြီ
    "အဟင့်!!"
          ရင်ခွင်ထဲကရှိုက်ငိုနေတဲ့ကလေးရဲ့ ငိုသံကသူရဲ့ဒေါသအားလောင်စာထပ်ဖြည့်လိုက်သလိုပင်
      "ဒါဘယ်လိုဖြစ်တာလည်း!!!"
"ကျွန်မတို့နဲ့စကားပြောနေရင်နဲ့   ကြင်ယာတော်ကအားနည်းပြီးလဲကျသွားတာပါ"
        "ကိုယ်တော်မင်းတို့ကိုမေးလို့  လားဟမ်!!"
      "လျို့လီဘာဖြစ်ခဲ့တာလဲအစဆုံးလျှောက်တင်"
      "ဟုတ်ကဲ့ ကြင်ယာတော်ကနေမကောင်းလို့သတိရလာတော့အရှင့်ကိုတွေ့ချင်တယ်ဆိုပြီးဉယျာဉ်ဘက်ကိုလာတာပါ အဲ့မှာကိုယ်လုပ်တော်နှစ်ယောက်နဲ့တွေ့တာသူတို့ကကြင်ယာတော်လေးကိုယောက်ျားတန်မဲ့အရှက်မရှိဘူးဘုရင်ကိုမြူဆွယ်တယ်ဆိုပြီးဝိုင်းပြောတာ ကြင်ယာတော်လေးကအရှင့်ကိုချစ်တာပါလို့ပြန်ပြောတော့သူတို့ကကြင်ယာတော်လေးကိုရိုက်လိုက်တာ"
    "  အဟင့်!!!ကြင်ယာတော်လေးကအားနည်နေတာပါအရှင် ကိုယ်လုပ်တော်မူချင်းယဲ့ကဟိုတစ်‌နေ့ကဘဲရေထဲတွန်းချလိုက်လို့သမားတော်တောင်ခေါ်လိုက်ရသေးတာပါအရှင်တခြားကြင်ယာတော်ကိုယ်လုပ်တော်တွေကလည်းအနိုင်ကျင့်ပါတယ်   အဟင့်!!!  😭😭အရှင်ကြင်ယာတော်လေးအတွက်တရားမျှတမှုရှာပေးပါ😭 သူကအရှင့်ကိုချစ်လို့အားလုံးကိုသည်းခံနေရတာပါ!!"
     
    သူမအမြင်ကတ်တယ်သူမ သခင်ကိုအနိုင်ကျင့်တဲ့သူတွေကို ဒါကြောင့်လျို့လီငိုယိုကာမဟုတ်တာရော ဟုတ်တာတွေပါတိုင်ကြားလိုက်တယ်

ငါကဝမ်ရိပေါရဲ့ကြင်ရာတော်ကွ!Where stories live. Discover now