part10

2.3K 147 5
                                    

လင်နဲ့လုံရော အရမ်းသနားသွားတယ် သူတို့သခင်ရဲ့ကြင်ယာတော်လေးကသနားပါတယ် မွေးရပ်ကိုစွန့်ပြီးတယောက်တည်းမြို့တော်ကိုလာရတော့မှာဟုတွေးမိကြတယ်

    ထို့နောက်လင်ရောလုံရောကြင်ယာတော်လေးကိုလှည်းပေါ်ကူညီပြီးတင်ပေးလိုက်တော့တယ်

         ထို့နောက်လှည်ကလေးဟာချန်မင်းသားအိမ်တော်သို့မောင်းနှင်ကာထွက်သွားတော့တယ်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

        နန်းတော်တွင်
ရှောင်ကျန့်အဆောင်တော်ထဲ၌ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတယ်

        လော်ယွင်ရှီးဆိုတဲ့သူကိုသူတွေ့ချင်တယ်ဒါမှ သူအလုပ်ကိစ္စတွေအတွက်လိုအပ်တာတွေဆက်စဉ်းစားနိုင်မှာ

         "လျို့လီ မင်းခနသွားစုံစမ်းလာခဲ့ချန်မင်းသားရဲ့ ကြင်ယာတော်အခုရောက်ပြီလားလို့"

       "ဟုတ်ကဲ့"
လျိုလီထွက်သွားပြီးနောက်ရှောင်ကျန်ခုံပေါ်၌ထိုင်ချလိုက်ကာ သူ့ဗိုက်အားကိုင်လိုက်တယ် 
' ကလေးလေးမင်းကိုဒီဖေဖေကကာကွယ်ပေးမယ်နော် မကြာခင်ကလေးလေးက ဖေဖေ့ဗိုက်ထဲရောက်လာတော့မှာပြီးတော့သူမလည်းရောက်လာတော့မှာ
သူမ ကိုဖေဖေရအောင်လက်စားချေပေးမယ်နော်'

       ဒီရက်ပိုင်းရှောင်ကျန်ဒီခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်လာတယ်ထင်တယ်
     ဝမ်ရိပေါ်အပေါ်ရင်ခုန်လာသလိုမကြာခင်ရောက်လာတော့မယ့်ကလေးလေးအတွက်ပျော်ရွှင်သလိုပူလည်းပူပန်နေရတယ်ဒီပြဿနာကိုသူဖြေရှင်းနိုင်မှရမှာ

        ဝမ်ရိပေါ်အဆောင်တော်တွင်အစီရင်ခံစာဖတ်နေရင်း

     ပြတင်းပေါက်မှလူတယောက်ခုန်ဝင်လာကာဒူးထောက်လိုက်တယ်

"အရှင်မင်းကြီး"
"အင်း"

      "ယွဲ့မျိုးနွယ်စုကတစ်ခုခုစီစဉ်နေပါတယ်"

"ဘယ်လိုမျိုးလဲ"

     "သူတို့ကယွဲမျိုးနွယ်စုရဲ့ဒုတိယမင်းသမီးကို အရှင်နဲ့လက်ဆက်ပေးဖို့လုပ်နေပါတယ်"

      ဝူရဲ့စကားကြောင့်ဝမ်ဘုရင်ရဲ့မျက်နှာ၌အပြုံးမမည်တဲ့မဲ့ပြုံးလေးဖြစ်ထွန်းသွားတယ်

ငါကဝမ်ရိပေါရဲ့ကြင်ရာတော်ကွ!Where stories live. Discover now