၁၇ ( Zawgyi )

36 3 0
                                    

အမှန်ပြောရလျှင် သတိုးသူရမှာ ခွန်မိုင်းသာကဲ့သို့ ဝါးလုံးခွဲကာ နှီးဖြာသည့်အမှုကို မလုပ်တတ်ပေ။ သို့ကြောင့် သမ္ဗုဒ်စင်စိုက်ထူမည့် ခြံဝင်းရှေ့မှ လမ်းကလေးကို ပြုပြင်ရန်ဆုံးဖြတ်လိုက်သည်။ တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွမြန်းလာမည့် မြတ်စွာဘုရားကို ကြိုဆိုပူဇော်ရန် လမ်းကလေးမှာလည်း ရှင်းသန့်နေမှဖြစ်ပေမည်။

ခြံဝင်းထဲတွင် လှဲကျင်းဖို့အတွက်ထားသည့် အုန်းတံမြက်စည်းတံကိုယူပြီး မြေနီလမ်းလေးတစ်လျှောက် အမှိုက်သရိုက်များကို လှည်းကျင်းကာ ၊ ခဲလုံးကြီးများကို ယူပြီး လှည်းဘီးကြောင့် ခွက်ဝင်နေသော ချိုင့်အချို့ကို ဖြည့်ပြီး လမ်းခင်းလိုက်သည်။ သတိုးသူရလှည်းကျင်းထားသော လမ်းကလေးမှာ သန့်ကာ ရှင်းပြောင် နေလေသည်။

ထို့ပြင် အိမ်နောက်ဖက် စမ်းချောင်းလေးအနီးရှိ သဲဖြူဖြူများကို သယ်ယူပြီး ဖြန့်ခင်းလိုက်လေသည်။ အမှိုက်သရိုက် ကင်းစင်ကာ သဲဖြူဖြူများခင်းထားသော ညီညာပြန့်ပြူးသည့် လမ်းကလေးဖြစ်နေလေသည်။ အားလုံးပြီးစီးချိန်တွင် နေစောင်းလုနေပြီဖြစ်သည်။ သတိုးသူရမှာ အတော်ပင် မောပန်းနေသော်လည်း ရှင်းသန့်နေသော လမ်းကလေးကို ကြည့်ပြီး ပီတီဖြစ်လို့နေသည်။ ပင်မြင့်နန်းဆောင်နှင့် နေခဲ့ရသော မင်းသားတစ်ပါးဖြစ်သော်လည်း ယခုကဲ့သို့အပူအပင်မရှိ အေးအေးချမ်းချမ်းနေရသည့် ဘ၀ကို သတိုးသူရနှစ်သက်သည်။

" နောင်ကြီးရေ ...... "

ခွန်မိုင်းသာမှာ နှီးတောင်းကလေးဖြင့် ထည့်ထားသော ကန်စွန်းဥပြုတ်များကို ယူကာ သတိုးသူရ အနီးရှိရာသို့ရောက်လာခဲ့သည်။ မွှေးမွှေးပျံ့ပျံ့ဖြင့် ကန်စွန်းဥပြုတ်များမှာ သတိုးသူရ၏ တကြုတ်ကြုတ်မြည်နေသော ၀မ်းကို ဆွဲဆောင်နေလေသည်။

" ဒီအလုပ်တွေ ဝိုင်းမကူလည်း ရတာကို နားပါဦးဗျာ .... "

သတိုးသူရမှာ လက်ထဲမှ ပေါက်ပြားကို ခြံစည်းရိုးတိုင်တွင် မှီကာထောင်လိုက်ပြီး

" ကျုပ်လည်း ကုသိုလ်ယူချင်တာပေါ့ဗျာ ဒါကြောင့် နိုင်သလောက်လေး ဝိုင်းကူလုပ်နေရတာရယ် ကျုပ်က နောင်ငယ့်လို နှီးမှ မဖြာတတ်ဘဲကိုး "

သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာ /သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာWhere stories live. Discover now