၁၀ ( Zawgyi )

39 4 0
                                    

" အလို သွေးတွေပြန်ထွက်နေပါရော့လား နောင်ကြီးရယ် ၊ ဒီလို ဒဏ်ရာက အပြင်းတကြီး မလှုပ်ရှားကောင်းဘူးရဲ့ "

ယောက်ျားပျိုမှာ သတိုးသူရ၏ သွေးထွက်နေသော ခြေထောက်မှ ဒဏ်ရာကို ထိန်းကိုင်ရင်းပြောလေသည်။

ယခင်က တိုက်ခိုက်ရေးပညာသင်ယူရာတွင် ဒဏ်ရာအကြိမ်ကြိမ်ရကာ သွေးထွက်သံယို ဖြစ်ဖူးကာ ၊ အမှုလုပ် ကျေးကျွန်တို့ကုသ ဆေးကြောသည်ကို ခံယူဖူးသော်လည်း ယခုလို ချောမောလွန်းသည့် သူစိမ်းယောကျာ်းပျို တယောက်မှာ တရင်းတနှီးပြောဆိုရင်း အသားကို ထိလာသည်ကို သတိုးသူရမှာ တစ်မျိုးဖြစ်လို့နေသည်။

" စိတ်မရှိပါနဲ့နောင်ငယ် ... ဟောသည့် ဒဏ်ရာထက် ကျွန်ုပ်လေ ၀မ်းမီးတောက်လောင်နေလို့ စိတ်မရှိဘူးဆိုရင် ထမင်းလေးကျွေးပါလား "

သတိုးသူရပြောလိုက်သော စကားကြောင့် ထိုယောကျာ်းပျိုမှာ မော့ကြည့်လာလေပြီး

" နောင်ကြီး စားချင်တဲ့ ထမင်းကျွေးပါ့မယ် ၊ ဒါပေမယ့် ခြေထောက်က ဒဏ်ရာက သွေးအရမ်းပြန်ထွက်နေတော့ ဆေးပြန်စည်းရမယ် "

" ဒီဒဏ်ရာလောက်ကတော့ အရင်ကလည်း ရဖူးပါရဲ့ဗျာ ၊ အသေးအဖွဲပါ ၊ ထမင်းသာ အလျင်ကျွေးပါ့ နောင်ငယ် ပြီးမှသာ ဆေးပြန်ထည့်ပေးပါ "

ဟုတ်သည်လေ သည်မနက် အဖဖြစ်သူ ဦးစိုင်းလုံ ဥပုသ်ကျောင်းသွားမည်ဖြစ်သောကြောင့် ဆွမ်းဟင်းစီမံနေရသဖြင့် ထိုလူစိမ်းကို ယာဂု မတိုက်ရသေးသည်ကို ခွန်မိုင်းသာ အမှတ်ရမိသည်။ ၀မ်းဟာလွန်းသဖြင့် စိတ်မရှည်ပုံပေါ်နေသော ထိုလူစိမ်းကြောင့် ခွန်မိုင်းသာလည်း လက်လျော့လိုက်ပြီး

" ဒါဆို နောင်ကြီး လမ်းလျှောက်နိုင်သေးသပဆိုရင် ဟောဟို ကွပ်ပျစ်မယ် ခဏထိုင်စောင့်ပါ အကျွန် ထမင်း ၊ ဟင်း ပြင်လာခဲ့ပါ့မယ် "

ဗုန်း.......

အ့....

မီးဖိုခန်းရှိရာသို့ ခြေနှစ်လှမ်း သုံးလှမ်းပင် လှမ်းရုံကြံကာရှိသေး ပြိုလဲကျသံကြားလိုက်ရသောကြောင့် ခွန်မိုင်းသာ လှည့်ကြည့်ချိန်တွင် ထိုလူစိမ်းမှာ ကြမ်းပြင်ပေါ်တွင် ပုံရက်သားရှိနေသည်။

သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာ /သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာWhere stories live. Discover now