ကျား............
ချွင်.........
သတ္တုဓားချင်း ထိုးခုတ်သံများမှာ ဆူညံကာ နန်းတော်တစ်ခုလုံး သွေးများဖြင့်လွှမ်းနေတော့သည်။ ခုခံတိုက်ခိုက်နေကြသော သတိုးသူရနှင့် ကိုယ်ရံတော် တစ်စုမှာလည်း တဖြည်းဖြည်း အထိအခိုက်များလာပြီး သတိုးသူရ တစ်ကိုယ်လုံးမှာလည်း ဓားဒဏ်ရာများလည်း ပြည့်လို့နေသည်။ ကိုယ်ရံတော် တစ်ယောက်မှာ မွန်ဂိုတပ်သားတစ်ယောက်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက်
" အရှင့်သား ...မဖြစ်တော့ဘူး .....၊ ကျွန်တော်တို့ ရှောင်မှဖြစ်တော့မယ် "
သတိုးသူရလည်း သက်ပြင်း တိတ်တဆိတ် ခိုးချလိုက်ကာ
" ကောင်းပြီ မြန်မြန်ထွက်ကြရအောင် "
လျှို့ဝှက်လမ်းမှ တစ်ဆင့် မြို့အပြင်သို့ ရောက်အခိုက်
" အရှင့်သား ဟိုအရှေ့က..... "
" အလို... နောင်ငယ်........."
သတိုးသူရမှာ ရင်ခွင်ထဲသို့ပြေးဝင်လာသော ခွန်မိုင်းသာကို ဆီးပွေ့ရင်း
" နောင်ငယ်..... ဘယ်လိုဖြစ်တာလဲ .... စိတ္တတို့နဲ့မလိုက်သွားဘူးလား "
သတိုးသူရ၏ သွေးမတိတ်သေးသော ဒဏ်ရာများကို ခွန်မိုင်းသာ စိတ်မသက်မသာကြည့်လိုက်ပြီး
" နောင်ကြီး ...တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့ပါလား "
" ကဲ သား ခွန်မိုင်း အရှင့်သားလည်း ရောက်လာပြီ အချိန်ဆွဲဖို့ မသင့်တော့ဘူး အမြန်သွားရအောင်"
" ဦးကြီး ပြောတာ မှန်တယ် နောင်ငယ် ၊ သွားကြစို့"
" ဟုတ်ကဲ့ နောင်ကြီး "
" ကျုပ်နဲ့ နောင်ငယ်က တိမ်ညိုကြီးကို မျှသုံးလိုက်မယ် ကျန်တဲ့သူတွေလည်း မြင်းမလောက်ရင် မျှသုံးပြီး ဒီနေရာကနေ အမြန်ခွာစို့ ..........."
" မှန်ပါ့ အရှင့်သား"
XXXXXXXXXXXXXXXXXXXXXXXXXXXXXX
ကုန်သည်ကြီး နာဂစိန္ဒရမှာ သမီးဖြစ်သူအတွက် လက်စားချေရန် စော်ဘွား စ၀်ဖဟုံနှင့် ဆက်သွယ်ကာ ခွန်မိုင်းသာအား သတ်ပေးမည်ဟု ကတိခံထားသလို ၊ မွန်ဂိုတပ်များကိုလည်း အကူအညီပေးကာ အရိမန္ဒပူရပြည်ကိုလည်း ပျက်ဆီးခြင်းသို့ဆိုက်စေသည်။
YOU ARE READING
သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာ /သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာ
Misteri / Thrillerအချစ် အမုန်း အာဃတ မာနတို့အကြား မဆုံးနိုင်သော ချစ်သံသရာကြား လူ ၃ယောက်၏ နှောင်ကြိုးများ အချစ် အမုန်း အာဃတ မာနတို့အကြား မဆုံးနိုင်သော ချစ်သံသရာကြား လူ ၃ယောက်၏ နှောင်ကြိုးများ