16 - ပျော်ပါစေ

15.9K 1.9K 244
                                    

မူလအစီအစဉ်အတိုင်းပင် ပုဂံမှနေ၍ နွေလနှင့် အစ်ကိုနှစ်ယောက်အတူတူပြန်လာဖြစ်ကြပြီး Chuan ကို တော့ စောရနှင့်အတူ ရှမ်းပြည်သို့ ပို့လိုက်ပြီဖြစ်သည်။ နွေလမှာ အစက အစ်ကိုနှင့်အတူတူ ကားဖြင့်ပြန် မည်ဟု ဆုံးဖြတ်ထားသော်လည်း ပုဂံတွင် ကြုံခဲ့သောပြဿနာများကြောင့် (အစ်ကိုထိခိုက်မည်ကို) စိတ် ပူလာကာ လေယာဉ်ဖြင့်ပင် ပြန်ခဲ့ကြ၏။

ပြန်ရောက်တော့မှ သူသည် စောရကို အသိပေးလိုက်ကြောင်း ဝန်ခံလိုက်သည်။

"ကျွန်တော် စောရကို ပြောပြလိုက်တယ်။ Chuan က သူ့ကို ကြိုက်နေတာလို့လေ"

အစ်ကိုက တစ်ချက်အံ့သြသွားပြီး ရယ်မောကာဖြင့် "ကိုယ့်နွေလက အခု အကျိုးဆောင်တောင်ဖြစ်နေပြီ ပေါ့လေ။ ကိုယ်တကယ်မထင်ထားဘူး။ Chuan ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ" ဟုဆို၏။

"မဟုတ်ပါဘူး။ ဒီလိုလေ... Chuan ကိုမြင်ရတာ စိတ်မသက်မသာဖြစ်ရတယ်။ သူ့ဘက်က ဒီလောက် အရိပ်ပြနေတာကို ဟိုငတုံးက အကောင်မမြင်ဘူးလေ။ ဒီတော့ ကျွန်တော်ကပဲ တွန်းအားတစ်ခုပေးလိုက် တာပါ။ ဒီလိုမှမဟုတ်ရင် သူတို့နှစ်ယောက်ထဲ တူတူရှိမယ့်ခရီးကျရင် ပိုဆိုးမှာလေ"

"အဲဒီတော့ စောသူရက ဘယ်လိုတုံ့ပြန်လဲ။ ကိုယ်တို့ ထွက်မလာခင်ထိတော့ သူ ဘာမှမပြောပေမဲ့ နည်းနည်းထူးဆန်းနေတယ်လို့ ထင်ခဲ့တာ"

"သူလား လန့်သွားတာပေါ့။ သူ့ဘဝကြီးမှာ သူ ညီလေးတစ်ယောက်လို သဘောထားထားတဲ့ Chuan က ကြိုက်နေပါတယ်ဆိုတာကြီးကို သူတော်တော်နဲ့ လက်မခံနိုင်ရှာဘူး။ နတ်လှောင်ကျောင်းမှာ သူရပ်ပြီး Chuan ကိုငေးနေခဲ့တယ်။ သူစိတ်ရှုပ်သွားပုံပဲ။ ဒါပေမဲ့ Chuan ကို ဒီတိုင်းကြီး ပစ်ပစ်ခါခါလုပ်လိုက်ဖို့ကျ လည်း သူမလုပ်နိုင်ဘူးထင်ပါတယ်"

"ကောင်းပါတယ်။ သူတို့လည်း လူကြီးဖြစ်နေပြီပဲ။ သူတို့ဟာသူတို့ ကြည့်စီစဉ်ပါလိမ့်မယ်"

အစ်ကိုက ထိုမျှသာပြော၏။ သို့သော် သူ့မှာသာအတွေးတို့ဆက်နေဆဲ။ အစ်ကိုသည် တကယ်ကို နားလည်မှုရှိပြီး ပွင့်လင်းသောသူတစ်ယောက်ဖြစ်ရာ မိဘကောင်းတစ်ယောက်ဖြစ်မည်မှာ မလွဲပေ။ အစ်ကိုကော မိသားစုဘဝတစ်ခုခုလိုချင်သလား။ သူတို့အတူရှိသွားဖို့ဆိုလျှင် အစ်ကို့အတွက်ကော လွယ်ကူပါ့မလား။

Beyond Paradisiacal Dawn [completed]Donde viven las historias. Descúbrelo ahora