8 - တွယ်ရာမဲ့သော

18.3K 2.3K 462
                                    

*Trigger Warning - Self-harming။ ဤ အပိုင်းတွင် မိမိကိုယ်ကို ထိခိုက်စေရန်လုပ်ဆောင်မှုများ ပါဝင်သည့် အတွက် တချို့သောသူများဖတ်ရှုရန်မသင့်တော်ပါ။ READ AT YOUR OWN RISK*

8- တွယ်ရာမဲ့သော

"ကိုကြီး။ ကျွန်တော် အဲဒီအလုပ်ကို လက်ခံလိုက်ရင် ကောင်းမလား"

သုံးရက်မျှ ကြိုးစားပမ်းစားစဉ်းစားနေသည်ဆိုသည့်နောက်တွင်တော့ ထိုစကားကို မျှော်လင့်ထားမိပြီးဖြစ် သော နွေလရောင်မှာ စောရကို မည်သို့မျှ ပြောချင်စိတ်မရှိတော့ပေ။

"ဟင်လို့ ကိုကြီးကလည်း တစ်ခုခုအကြံပေးပါဦး"

"ငါပြောတာတွေကို မင်းက လိုက်နာမှာဆိုတော့ အေးပေါ့။ နေပါဦး မင်းက မာနမရှိဘူးလား"

"အဲဒီလိုမဟုတ်ပါဘူး ကိုကြီးရာ။ ကျွန်တော့်စိတ်ထဲ ဒီကောင်လေးကို သနားလို့ပါ"

"ဟေ့ကောင် သူ့နာရီတန်ဖိုးက မင်းတစ်နှစ်စာလခလောက်ရှိတာသိတယ်မဟုတ်လား။ အဲဒါကို သူ့ကို သနားနေတယ်ဟုတ်လား"

စောသူရက သက်ပြင်းချရင်း ခေါင်းခါသည်။ "မဟုတ်ဘူး ကိုကြီးရ။ သူက ကလေးသာသာပဲရှိသေးတာ။ ဆရာ Eric တစ်မျက်နှာနဲ့ မြန်မာစာသင်ထားတယ်ဆိုကထဲက သူဘယ်လောက်တောင် အလေးထားလဲ အသိသာကြီးလေ။ ရန်ကုန်ကိုလည်း သူ့ခမျာ ဆရာEric ကြောင့်လာတာကို ခရီးသွားရင် မလိုက်ပေးနိုင် ဘူးဆိုတော့ ဘယ်စိတ်ကောင်းမလဲ။ ဒီလိုအရွယ်လေးက သူငယ်ချင်းတွေဘာတွေနဲ့ ပျော်ပျော်ပါးပါးသွား ရမှာကို တစ်ယောက်ထဲကြီးက ကျွန်တော်လိုသူစိမ်းတောင် စိတ်မချဘူး"

"မင်းပဲ မဟာကရုဏာရှင်ပါ စောရရာ။ အဲဒီလိုဆို မင်းအလုပ်က ဘယ်လိုလုပ်မှာလဲ"

"ကျွန်တော် တခါမှ ခွင့်မယူရသေးတော့ ခွင့်တွေကျန်သေးတာနဲ့ အတော်ပါပဲ။ ပြီးတော့ သူပြောသလိုပဲ ကျွန်တော်က ရုံးဝန်ထမ်းဆိုပေမဲ့ တောက်တိုမယ်ရနဲ့ ကလေးထိန်းသာသာပါပဲ။ အဲဒီတော့ ခရီးလည်း ထွက်ရပြီး ပိုက်ဆံလည်း ရမယ်ဆိုတော့ မဆိုးဘူးလားလို့လေ"

"စောရ.. ငါအကောင်းပြောမယ်။ အဲဒီသူဌေးသားလေးနဲ့ ခရီးတူတူသွားရတာ အပျော်တင်မဟုတ်ဘူး။ သူ တစ်ခုခုဖြစ်ရင် မင်းခေါင်းပေါ်အကုန်ကျလာမှာ။ အဲဒါတွေပါ ဖြေရှင်းနိုင်လား သေချာစဉ်းစားဦး"

Beyond Paradisiacal Dawn [completed]Tempat cerita menjadi hidup. Temukan sekarang