အဲ့နေ့ ညနေခင်းမှာပဲ နှစ်အတော်ကြာမှ ပြန်လည်တွေ့ဆုံးခဲ့တဲ့ မိသားစု ထမင်းစားပွဲလေးမှာ တူတူလက်ဆုံစားကြပြီး
ည၌ အီဟီဆွန်းတစ်ယောက် နှစ်ပေါင်းများစွာ မတွေ့ခဲ့ရတဲ့ အဖေနဲ့ လိုက်သွားခဲ့ရတော့သည်။
လေယာဥ်ပေါ် တက်ခါနီး Air podလေးတတ်ပြီးဖွင့်နားဆင်ခဲ့တဲ့ Songကတော့ I'll be missing you (BTS Cover)။
ဒီနေ့က သူ့စိတ်ထဲထာဝရစွဲကျန်နေမဲ့ နေ့ပါပဲ။နှစ်ပေါင်းများစွာကြာပြီးမှ မိသားစုလက်ဆုံ စားခဲ့ရတယ်။တစ်ခါမှမခွဲဖူးတဲ့ မေမေနဲ့ဟွန်းကို ခွဲခဲ့ရတယ်။ခုနက အရမ်းကိုပျော်နေပေမဲ့ လေယာဥ်ပေါ်တက်တော့ မျက်ရည်တွေကျနေခဲ့သေးသည်။
ကျွန်တော်အမြန်ဆုံး ပြန်လာခဲ့ပါ့မယ် မေမေနဲ့ဟွန်းနီးရယ်။
--------------------------------------------------------------
ဆိုးလ်မြို့ကနေ Brisbaneမြို့ကို ဆိုက်ရောက်တော့ ဖေဖေ့ကို ကားနဲ့အသင့်လာကြိုလေသည်။ဖေဖေ ဒီနယ်မြေမှာ ဒီလောက်ချမ်းသာလိမ့်မယ်မထင်ခဲ့ပေ။
Light ဆောက်လုပ်ရေးကုမ္ပဏီဆိုတာ လုံးဝ မျှော်စင်ကြီးတစ်ခုလိုပင်။ မေမေနဲ့ကျွန်တော် သုံးစရိတ်မှန်သမျှ ဖေဖေ နှစ်စဥ် အိမ်ကိုငွေတွေလွှဲပေးနေတယ်ဆိုတာ တကယ်မှန်းခုမှ သိတော့သည်။
ကုမ္ပဏီအရင်သွားမည်ထင်ထားသော်လဲ ဖေဖေက နေဖို့အိပ်ရာကို အရင်သွားသည်။ အိမ်ကြီးကလဲ ကုမ္ပဏီကြီးနဲ့ ပြိုင်ဆောက်ထားခဲ့သကဲ့သို့ မျှော်စင်တော့မဟုတ်ပေမဲ့ နန်းတော်ကြီးသကဲ့သို့။မေမေနဲ့ဟွန်းကို ခေါ်လာစေချင်လိုက်တာ။ဘာလို့မေမေ ဒီအိမ်ကြီးကို ခြေမချသည်ကို စဥ်းစားမရပေ...။
"သား...အပေါ်ထပ် လှေကားဘေးက သားကိုယ်ပိုင်အခန်း"
"ဟုတ်ကဲ့ပါ ဖေဖေ"
"အေး ခုပင်ပန်းလာတာဆိုတော့ နားလိုက်ပေါ့ကွာ"
"ဟုတ်..ဖေဖေလဲ ကောင်းကောင်းနားပါ။"
"အေးအေး"
ဒီလိုနဲ့ အပေါ်ထပ်တက်ရင်း အိမ်ကြီးကိုလိုက်ကြည့်နေသည်။အပေါ်ထပ် လှေကားထစ်ကနေ ပထမဆုံးမြင်လိုက်ရတာက ဖေဖေနဲ့ မေမေရဲ့ မဂ်လာ ဓာတ်ပုံပင်။
YOU ARE READING
Where the love exists [HeeHoon/milkcarrot]
Fanfictionᴍʏ ғɪʀsᴛ ᴇᴠᴇʀ ʜᴇᴇʜᴏᴏɴ ᴏᴡɴ ᴄʀᴇᴀᴛɪᴏɴ✍︎ ➪ကိုယ် တိတ်တိတ်လေး Crush ခဲ့ရတဲ့ ကောင်ကလေးက ကိုယ့်ညီရဲ့ ကောင်လေးဖြစ်နေသောအခါ...♧︎︎︎ Start Date: May 16 2021 End Date : ? [The whole story is just an imagination]