WTLE-[Part 8]

419 43 2
                                    

ဟီဆွန်း ဂျယ်ယွန်းနဲ့စကားတွေပြောပြီး ညအိပ်ခန်းထဲတက်လာတော့ မေမေ့ကို ဖုန်းခေါ်လိုက်သည်။

"Ti...Ti...Ti"

ဖုန်းကဝင်သွားပေမဲ့ ကိုင်မဲ့သူမရှိပေ။

သူတစ်ချက် မျက်မှောင်ကျုံ့မိသွားသည်။လေယာဥ်ဆင်းတုန်းကတောင် မေမေနဲ့ မက်ဆေ့ချ်ပို့ခဲ့သည်လေ။ခုကျ ဘာလို့ဖုန်းမကိုင်ရတာလဲ။သူလွမ်း​နေပါ၏။

ဟီဆွန်း အောက်ထပ်ကိုဆင်းလာပြီး ဖေဖေ့ကိုပြောလိုက်လေတော့ ဖေဖေကလဲ အဲ့တော့မှ ဆက်ပေးသည်။အဲ့တော့မှ မေမေကကိုင်သည်။ "ခုအရေးကြီးဖြစ်နေလို့ နောက်မှဆက်ပါလားရှင်ရယ်"ဟု ပြောလေသည်။ကျွန်တော်လဲငြိမ်နေလိုက်သည်။စိတ်ပူပါ၏။မေမေတို့ဘာများဖြစ်လို့ပါလိမ့်...။

--------------------------------------------------------------

_Seoulမြို့တွင်_

"လုပ်ပါဦး ဟန်းနီးရယ် ကယ်ပါဦး...သားလေးက အချိန်ပေးပါဦးလို့ ပြောပြီး ညီမနဲ့ပြောနေရင်း အိမ်ရှေ့ကို ထွက်သွားတာ သားဘာကိစ္စထွက်သွားတာလဲ မသိပေမဲ့...ခုအပြင်ထွက်လာကြည့်တော့ မရှိတော့ဘူး...ကယ်ပါဦးဟန်နီးရယ် "

ဟွန်းဂျီဆုန်း ငိုကြီးချက်မနဲ့ငိုမိသည်။သူမအရမ်းကိုစိုးရိမ်နေပါသည်။အကြွေးရှင်တွေကများ သူမသားလေးကို ခေါ်သွားသည်လော။ထိုစဥ် ဖုန်းလာလေသည်။

"ဟွန်းဂျီဆုန်း-ရှီး ခင်ဗျားသားကို ကယ်ချင်သေးရင် ကျုပ်တို့ အကြွေးတွေခုရက်ပိုင်းအတွင်းဆပ်တော့ဗျာ...ခင်ဗျားလာဆပ်တဲ့နေ့မှ ကျုပ် ခင်ဗျားသားကိုထားထားတဲ့နေရာပြောမယ်"

"မလုပ်ကြပါနဲ့ရှင်...ကျွန်မသားလေးကိုဘာမှမလုပ်ကြပါနဲ့...ကျွန်မ...ကျွန်မသေချာပေါက်ကို လာဆပ်ပါ့မယ်"

တီ.....ဖုန်းချသွားလေပြီ။တကယ့်ကိုသူမစိုးရိမ်နေတာမှန်သည်ပဲ။သားလေးဘာမှမဖြစ်ပါစေနဲ့ဟု ဆုတောင်းရင်းသာ...။ဤရက်ပိုင်းအတွင်း ခုအိမ်လေးကိုရောင်းရမည်မှာ ဖြစ်နိုင်ချေအရမ်းကိုနည်းပါးပေသည်။သူမဘယ်လိုလုပ်ရပါတော့မလဲ စဥ်းကိုမစဥ်းစားတတ်တော့ပါ ။

"ဂျီဆုန်း..အာ..အမတတ်နိုင်သလောက်ကူပေးမယ်...လက်မလျှော့လိုက်နဲ့..ခုသားဟွန်းလေးက ဘယ်မှာလဲတဲ့ဟင်..."

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now