WTLE-[Part 2]

519 59 7
                                    

နောက်တစ်နေ့~~~~~~

ဟီဆွန်းတစ်ယောက် ဟိုဘက်အိမ်ကိုနေ့လည်စာသွားစားဖို့ အသန့်ဆုံးပြင်ဆင်နေလေသည်။မပြင်ပဲအိမ်နေရင်းတွေနဲ့သွားလို့လဲမဖြစ်​လေ။

သို့ပေမဲ့ အမြဲနမော်နမဲ့နဲ့ဂရုမစိုက်နေတတ်တဲ့ ကောင်လေး ပေါက်စနက ခုတော့ ဟိုကလေးလေးရှိတဲ့အိမ်သွားဖို့ကို အရမ်းကိုအသဲအသန်ပြင်နေလေရဲ့။သူ့မေမေကိုလဲ ဝတ်စုံလေးတွေလဲလဲပြနေတာ။

"ဟဲဟဲ ဒါလေးနဲ့ပဲလိုက်ညယ် မေရေ ရပြီ သွားမယ်လေ ညန်ညန်လုပ်"

"အင်းပါ သားရယ် အရမ်းကိုပဲနော် သားက ဟင်း"

ဟီးဟန်နီးတစ်ယောက်ကတော့ ရယ်နေလေသည်။သူ့သားလေးလုပ်နေတာကချစ်စရာလေးကိုး။

ဟိုဘက်အိမ်အရောက်

"အန်တီရေ"

ဟွန်းဂျီဆုန်းတစ်ယောက် ထမင်းပွဲပြင်နေရင်း အိမ်ရှေ့က ခေါ်သံကြားလို့ တံခါးသွားဖွင့်လေသည်။

"အော ထင်တဲ့အတိုင်း သားသားတို့လာတာပဲ။ကြွပါရှင်။မင်္ဂလာပါရှင့်"

"မင်္ဂလာပါအမ သားလေးနဲ့ကျွန်မတို့ကို နေ့လည်စာဖိတ်တယ်ဆိုလို့ ညီမတို့သားအမိကိုဒီလိုဂရုတစ်စိုက်ဧည့်ခံပေးလို့ အရမ်းကျေးဇူးတင်တာပဲရှင်။ရှေ့လျောက် ရင်းနှီးကြတာပေါ့နော်"

ဟွန်းဂျီဆုန်းနဲ့ဟီးဟန်နီနှစ်ယောက် စကားတစ်ပြောပြောနဲ့ အိမ်ထဲဝင်လာချိန် ဟွန်းနီးတစ်ယောက် အမိုက်စား ဝတ်ပြီး အောက်ထပ်ကိုဆင်းလာသည်။

"ကိုကို!"

"အာ ဟွန်းနီး"

"ကိုကိုလာပြီပဲ လာလာ ထမင်းစားကြမယ် ပြီးရင် သားအခန်းထဲသွားဆော့ကြမယ်နော်"

"ဟုတ်ပြီဗျ"

ဟွန်းနီးကို မနေ့က မေမေက ကိုကိုနဲ့ ပေါင်းခိုင်းပြီးဂရုစိုက်ပေးဖို့ပြောတာကတစ်ကြောင်း ပထမဆုံး ခင်ရမဲ့သူစိမ်းက အဲ့ကိုကို့ ကိုဆိုတာ ကတစ်ကြောင်းနဲ့ ဟွန်းနီးက ကိုကို့ကို အရမ်းခင်နေလေပြီ။

စကားတစ်ပြောပြောနဲ့ အိမ်နီးချင်းမိတ်ဆွေ ထမင်းစားပွဲလေးကတော့ အရမ်းကို နှစ်မြို့ဖွယ်ပြီးသွားလေတယ်။စကားတွေပြောနေတုန်းမှာ ဟီဆွန်းနီး သိခဲ့ရတာက ဟွန်းရဲ့ ဖေဖေက သင်္ဘောသားမို့ သင်္ဘောလိုက်ရင်းနဲ့ အခန့်မသင့်ပဲ လွန်ခဲ့တဲ့သုံးနှစ် ဟွန်း ၃နှစ်သားကတည်းက ဆုံးသွားသည်တဲ့လေ။

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now