WTLE-[Part 6]

422 43 5
                                    

ဟွန်းနီးနဲ့ကျွန်တော် ကစားကွင်းကနေ တူတူပြေးလာပြီး ခုကျွန်တော်အိမ်ရှေ့ရောက်ပြီဖြစ်သည်။

"မောလိုက်တာ...ဟွန်းနီး တာတာ့.."

"တာ့တာ မနက်ဖြန်မှတွေ့မယ် ကိုကို"

အိမ်ထဲဝင်ဝင်ချင်း မေမေ နဲ့တန်းတိုးသည်။

"ဟဲ့..သားရေ အမလေး..ချွေးတွေနဲ့..နောက်ကျတယ်နော် ဒီနေ့"

"ဟုတ် မေမေ သားကျောင်းကအပြန် လိုတဲ့ပစ္စည်းတွေဝင်ဝယ်နေလို့ အပြေးပြန်လာရတာပါ"

ဟီဆွန်းမလိမ်တတ်ပဲလိမ်နေသည်။သူမုသားပြောမိတာကို ငယ်ငယ်က မုန်း၍မလုပ်ပေမဲ့ ခုတော့ မေမေပွားမည်ကိုမခံနိုင်တော့လို့ လုပ်မိသည်။သူခုသိတာက အရမ်းပျော်နေသည်လေ။ဟွန်းက သူ့ထာဝရအပိုင်လို့ သတ်မှတ်ခဲ့တယ်မလား....။

"ဟုတ်လား အေးအေး ပိုက်ဆံကောလောက်ရဲ့လား သားရ သွားသွား မနက်ဖြန်မှ ထပ်ပေးပေးမယ် ရေသွားချိုးတော့ ခု"

"ဟုတ် သွားပြီနော်"

ဟီဆွန်းတစ်ယောက် ရေချိူးခန်းထဲရောက်တာတောင် ရေတန်းမချိုးသေးပဲ ​သွားလေးတွေပေါ်အောင်ထိကို ပြုံး​နေပြီး တစ်​ယောက်ထဲ အတွေးတွေနဲ့ပျော်နေသည်။

"သားရေ မပြီးသေးဘူးလား ထမင်းစားကြမယ်လေ "

"လာပြီ မေမေရေ"

ဒီလိုနဲ့ ဟီးဟန်နီးတို့ သားအမိနှစ်ယောက် ညစာတူတူစားကြတော့သည်။

~~~Ring~~Ring~~~Ring~~~

"မေမေရေ ဖုန်းလာနေတယ်"

"အေးအေး ဒီကိုယူခဲ့ပါဦး သားရေ"

ဟီဆွန်းသူ့မေမေကို ဖုန်းယူပေးလိုက်ပြီး ညစာဆက်စားနေလေသည်။

"ရှင်!"

မေမေ အံ့သြတကြီး ထူးလိုက်ပြီး ဘာတွေပြောနေမှန်းမသိ..ကျွန်တော်ကတော့ စားပြီးလို့ ပန်းကန်သွားဆေးလိုက်သည်။

"အင်း အသင့်ပြင်ခိုင်းထား ကိုယ် ကိုယ်တိုင်လာခေါ်မယ်"

"ဒါပေမဲ့...ဒါပေမဲ့ရှင်ရယ်..ခုက ဗြုန်းစားကြီးလေ!!"

"ဟန်နီး မင်း သားကိုအဲ့နိုင်ငံမှာပဲ ဇာတ်မြုပ်နေပြီး နေခိုင်းတော့မလို့လား..ပညာတွေတတ်ပြီး လူတွေအလယ်မှာတင့်တယ်နေတဲ့ သားကို မင်း မမြင်ချင်တော့ဘူးလား..ကိုယ်တို့ကတိပေးထားတယ်လေ...သားကို အတတ်နိုင်ဆုံးအကောင်းမွန်ဆုံး ပြုစုပျိုးထောင်ကြမယ်လို့...ဒီက ပညာတွေနဲ့ ကိုရီးယားက ပညာတွေနဲ့ ကွာတယ်ကွ..သားကို မင်းအနေနဲ့ဖြောင့်ဖျထားပါ...ကိုယ်မနက်ဖြန်လာခေါ်မယ် လေယာဥ်လက်မှတ်ဝယ်ထားတယ် ဟန်နီး"

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now