WTLE-[Part 5]

394 47 1
                                    

ကစားကွင်းဝန်းထဲအရောက်.................................

ရေခဲမုန့်ဆိုင်လေးနားက ထိုင်ခုံလေးကိုရောက်တော့ နှစ်ယောက်သား ရပ်လိုက်သည်။နှစ်ယောက်လုံး မောနေကြသည်လေ။

"ဟွန်း..ဟိုက ဘာအရသာစားမလဲ ငါသွားဝယ်ဦးမယ်..."

"အင်း..ကျွန်တော်က နို့အရသာစားမယ်"

"ဟုတ်ပြီ..ခနစောင့်နေ"

ဟီဆွန်းတစ်ယောက် ရေခဲမုန့်ဆိုင်ရောက်တော့ စတော်ဘယ်ရီတစ်ခွက် နို့တစ်ခွက်မှာလိုက်သည်။မှာရင်းတန်းစီစောင့်နေတော့ တွေးမိသည်က နှစ်ယောက်သား ဒိတ်နေကြသည်နဲ့တူသည်ဆိုတာပင်။

"ရပြီ သား ရော့..."

ရေခဲမုန့်ရောင်းတဲ့ဦးလေးကြီးက လှမ်းပေးမှ ပြန်သတိရတော့သည်။

"ဟုတ်ကဲ့ပါဗျ"

ဟွန်းဘေးနားမှာဝင်ထိုင်လိုက်သည်။ဟွန်းကတော့ အမောဖြေနေသည်ထင်သည်။

"ကိုကို ဒါစားပြီးရင် ဟိုဘက်က အရုပ်သွားကောက်ကြမယ်"

"အိုကေလေ"

အရုပ်ကောက်စက်နားရောက်တော့ ဟွန်းက အကြွေစေ့ထည့်ပြီး အရုပ်ကောက်နေလေသည်။ ရခါနီးမှ လွတ်လွတ်ကျနေသည်လေ။တကယ့်ကို နီးနီးလေးပဲလိုတော့တာ ရဖို့ကို။ဟွန်းလိုချင်နေသည်က ပင်ကွင်းရုပ်လေးတဲ့။ဟက်..ဟွန်းကတော့လေ..တကယ့်ကိုချစ်ဖို့ကောင်းနေလိုက်တာ။

"ဟျောင်းးး ဘာရပ်ကြည့်နေတာလဲ လာကူကောက်ပေးဦးလေ အဲ့တာလေးလိုချင်တာကို..."

ဟော...သူ့ကိုပါခေါ်နေလေပြီ..သူကောက်လို့မရလို့ စိတ်သိပ်မကြည်တော့ပြီထင်သည်။ခက်တာက ကျွန်တော်လဲ အရုပ်ကောက်မကျွမ်းတာပင်။ဂိမ်းဆို ဖုန်းထဲက ဂိမ်း ဒါမှမဟုတ် ဗီဒီယိုဂိမ်းတွေပဲ ကျွန်တော်က ကျွမ်းတာလေ။

"အင်းပါ..လာပြီ..လာပြီ"

ဟီဆွန်းတစ်ယောက် တကယ့်ကိုအာရုံစိုက်ပြီး အကြိမ်ကြိမ်ကြိုးစားကောက်ကြည့်ပေမဲ့ အဲ့အရုပ် ဘယ်နခါ ကောက်ကောက် ပါကိုပါမလာဘူး။

"ကိုကို ရပါတယ် မကောက်နဲ့တော့ တော်ပြီ နှစ်ယောက်လုံးကောက်တာတောင် ရတာမှမဟုတ်တာ အဲ့အရုပ်စက်က ညစ်ထားတာပဲ ဖြစ်မှာ လာဟိုဘက်ပဲသွားရအောင်"

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now