(Unicode)
မနက်ခင်းနေရောင်ခြည်ဟာ ကုတင်ပေါ်မှာ အဝတ်မပါပဲအိပ်ပျော်နေတဲ့ ကောင်လေးနှစ်ယောက်ပေါ်သို့ နွေးထွေးစွာကျရောက်လာခဲ့တယ် သို့သော်နေ၏အလင်းရောင်ကြောင့် ရှောင်ကျန့်နိုးလာခဲ့တယ် နိုးနိုးချင်းပဲ ဘေးကကွေးကွေးလေးအိပ်ပျော်နေသော ကောင်လေးဆီသို့အကြည့်ပို့မိကာ အတွေးမှားက အတိတ်ဆီသို့>>>
ထိုနေ့ ရှောင်ကျန့်ကုမ္ပဏီနားက Coffee shopမှာ Laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေစဉ်
'ဒီကအကို ဘာများသုံးဆောင်မလဲခင်ဗျ'
ရှောင်ကျန့်အသံလာရာကို အကြည့်ပို့မိတော့ မှင်သက်သွားမိတယ် မျက်လုံးမှေးမှေးလေး နှုတ်ခမ်းထူထူလေး ပါးဖောင်းဖောင်းလေး ခန္ဓာကိုယ်သေးသေးလေး ဖြူဝင်းတဲ့အသားအရေနဲ့ ပျော့ပျောင်းတဲ့ဆံပင်တွေကိုပိုင်ဆိုင်ထားတဲ့ ဒီကောင်ငယ်လေးဟာ အရမ်းလှရက်တယ် ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့မသုံးသင့်ပင်မဲ့ ဒီကောင်ငယ်လေးကတော့ အရမ်းလှရက်တယ်
'အကိုဗျ ဘာများသုံးဆောင်မလဲမသိဘူး'
'ဟမ် ဪ အင်း အမေရိကာနို့တစ်ခွက်ပေးပါ ကောင်လေး'
'ဟုတ်ကဲ့ပါဗျ ဒါပဲလားမသိဘူး'
'အင်း ဒါပဲ'
'ဟုတ် ခဏစောင့်ပါဗျ'
စားပွဲထိုးတို့ရဲ့ ပုံမှန်ပြောနေကျ စကားလေးများအား ပီပီသသပြောကာ ထွက်သွားတဲ့ ကောင်ငယ်လေး၏ ကျောပြင်ကိုကြည့်ကာ ရှောင်းကျန့်ကိုယ့်ပါကိုယ် ပြန်ရီမိတယ်
ဘာလဲဟ ငါကွေးသွားတာလား ငါယောက်ျားလေးတွေအများကြီးနဲ့အလုပ်တွဲလုပ်ဖူးပါတယ် ဒီကောင်လေးနဲ့ကျမှ ရင်ခုန်ပါမြန်လာတယ် ဟက် ကောင်လေး ကောင်လေး မင်းလေးကဘာလေးလဲကွာ ရင်ခုန်မြန်တိုင်းအချစ်လို့ခေါ်ရင် ဟုတ်တယ်ကိုယ်မင်းကိုချစ်နေပြီ မြင်မြင်ချင်းအချစ်ဆိုတာ ကိုယ်မယုံကြည်ခဲ့ဘူး ကောင်လေးနဲ့မှ ကိုယ်ယုံခဲ့ပြီ
'အကို အကိုမှာထားတာရပါပြီဗျ'
'ဪ အင်း ဒါနဲ့ကောင်လေး'
'ဗျာ ကျနော့်ကိုခေါ်တာလား'
'အေးလေကွာ ဒီနားမှာ မင်းနဲ့ငါပဲရှိတာလေ'
YOU ARE READING
~အစေခံ~ ~အေစခံ~
FanfictionZSWWရေးမှာမို့ မဖတ်ချင်လည်းရပါတယ် အပယ်ခံfdတွေ ဘာတွေညာတွေလာမလုပ်နဲ့ BJYXနေနေ ZSWWနေနေ အဓိကက အဓိကပဲလေ