(8)

3.7K 191 8
                                    

(Unicode)

6လကျော်ကြာခဲ့ပြီ ရိပေါ်ကိုခုထိရှာမတွေ့သေး အဲ့အတွက်ရှောင်းကျန့်ကတနေကုန်အရက်မူးပြီးသောင်းကျန်းနေမယ်ထင်လား ဟင်း...ဒါမျိုးကရုပ်ရှင်တွေထဲပဲရှိတာ ရှောင်းကျန့်တို့ကအဲ့လိုမပြိုလဲဘူး နေမရွေးညမရွေး ရိပေါ်ကိုလိုက်ရှာတယ် ကုမ္ပဏီကိုတော့ ချူမန့်ကထိန်းထားပေးမယ် ရိပေါ်ကိုပဲ ဇွဲမလျှော့ပဲ ရှောင်းကျန့်လိုက်ရှာခဲ့တယ် တခါတလေ ပင်ပန်းပြီး အိပ်ပျော်သွားခဲ့မိတဲ့အခါ အိပ်မက်ထဲမှာ ရိပေါ်လေးကိုဗိုက်ပူလေးနဲ့ တွေ့သေးတာ တစ်ချိန်တည်းမှာပဲ အဲ့ဒီဗိုက်ပူလေးကို ဆွဲပြီး ဖက်နမ်းလိုက်ချင်ပင်မဲ့ တစ်ချိန်တည်းမှာပဲ ရိပေါ်ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကကြီးစိုးလာပြန်တယ် ‌ရှောင်းကျန့်မိမိဆီကို ဆက်လာတဲ့ ဖုန်းကိုကောက်ကိုင်ပြီးနောက် ကားကိုဒုန်းစိုင်းမောင်းကာ နေရာလေးတစ်ခုဆီထွက်လာတယ် ဖုန်းထဲကယွီပင်းပြောလိုက်တဲ့စကားက

"ဘော့စ်ရိပေါ်လေးကိုတွေ့လိုက်တယ်" တဲ့

~~~~~~~~~~~~~~~~~~~~~~~~~

ကျနော် ဦးဆီကနေထွက်လာကတည်းက ဘယ်သွားရမှန်းမသိလမ်းစပျောက်ခဲ့တယ် အာ့ကြောင့်ကျနော်လမ်းမကြီး‌ေပါ်မှာခြေဦးတည့်ရာ သွားနေမိတယ် ဒါမဲ့မီးအလင်းရောင်တစ်ခုကကျနော့်ဆီ ဦးတည်လာခဲ့တယ် ကျနော်ကြောက်တယ် ကျနော်မှာ ခလေးလေးနဲ့ မဖြစ်ဘူး ကျနော်ပြေးထွက်ချင်ပင်မဲ့ ခန္ဓာကိုယ်ကလှုပ်မရတော့ဘူး ကျနော်လမ်းမပေါ်မှာ တောင့်တောင့်ကြီးရပ်နေမိတယ် တဖြည်းဖြည်းကျနော့်ဆီ နီးကပ်လာတယ် ကျနော်ရှောင်ချင်တယ် ဒါမဲ့ကျနော်လမ်းမကြီးပေါ်ပစ်လဲသွားခဲ့တယ်

'ဟာ...အကို ရှေ့မှာလူ'

'ဟာ အာ့ဆိုအကိုထွက်ကြည့်လိုက်မယ်'

ကားပေါ်ကလူနှစ်ယောက်မှတစ်ယောက်ကဆင်းကြည့်လေရာ

'ရန်းလီ ‌ကားနဲ့တော့မတိုက်မိပင်မဲ့ ဒီကောင်လေး အကြောက်လွန်ပြီး သတိလစ်သွားတယ်ထင်တယ် ဆေးရုံပို့ရအောင်'

'ဟုတ် အကို ရန်းလီတံခါးဖွင့်ပေးမယ်'

ဇီရွှမ်းလည်း ရိပေါ်ကိုချီကာ ကားပေါ်တင်ပြီး ဆေးရုံပို့ပေးလိုက်တယ် ဆေးရုံမှာသိလိုက်တဲ့အကြောင်းအရာတစ်ခုကြောင့် နှစ်ယောက်လုံးကြက်သေသေနေမိတယ် ဒီကောင်လေးကကိုယ်ဝန်ရှိနေတာတဲ့ ပြီးတော့ခလေးမွေးရင်သေမှာတဲ့ ဘုရား ဘုရား ဒါပင်မဲ့ ရန်းလီနဲ့ဇီရွှမ်းက ရိပေါ်ကိုမရွံခဲ့ပဲ သနားစိတ်သာဝင်ခဲ့မိတယ် သိပ်မကြာခင်ရိပေါ်သတိရလာတော့ ရန်းလီတို့အကြောင်းစုံမေးမြန်းကြည့်ပြန်တော့ ရိပေါ်လေးကအကုန်ပြောပြလိုက်တယ် ရိပေါ်အကြောင်းကိုသိသွားတော့ ရန်းလီခင်မျာ ရှိုက်ကြီးတငင်ငိုပါလေရော

~အစေခံ~ ~အေစခံ~ Where stories live. Discover now