(Unicode)
ဒီနေ့လည်းပုံမှန်လိုပါပဲ အိမ်မှာကျနော်ရယ် ရိရိရယ် မားရယ်ပဲရှိတာ ဟိုစွအဖိုးရီးကတော့ ရုံးသွားပြီ
'သားရေ ရိပေါ်လာ မနက်စာစားရအောင် '
'ဟုတ်မား လာပြီ ရိရိကအောက်မှာလား မား'
'မဟုတ်ဘူးသားရေ သူ့အခန်းထဲပဲနေမှာ သားတစ်ခါတည်းခေါ်ခဲ့လိုက်တော့'
'ဟုတ် မား'
အိမ်ရဲ့အပေါ်ထပ်အောက်ထပ်ကို အော်ပြောနေတဲ့ ရိပေါ်တို့သားအမိရယ်ပါ ရိပေါ်လည်း ရိရိကိုခေါ်ပြီး အောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းမှာ မားကအဆင်သင့်လုပ်ထားပြီးစောင့်နေတာ
'မား ဒီနေ့ဘာချက်လဲ'
'သားနဲ့မြေးလေးကြိုက်တဲ့ ကြက်သားချက်ထားတယ် အာ့ကြောင့် ဒီနေ့မနက်စာ ထမင်းစားကြ'
'ရေးးးးးးးးဒါမှ ဖွားဖွားကွ'
'အမလေး ဖွားမြေးကစကားတွေပီလာပြီပဲ'
'ဟီးးးးးဖွားကိုချစ်လို့ စကားပီသွားတာလေ'
'အယ်...အမလေး ဟုတ်ပါပြီ ရော့ သား ထည့်စားကြက်သားကို ပျားရည်လေးနဲ့ချိုချိုလေးထည့်ချက်ထားတာ'
'ဟုတ်မား'
ရိပေါ်လည်း ချူမန့်ထည့်ပေးတဲ့ ကြက်သားကိုစားလိုက်ပင်မဲ့
'ဝေါ့.....'
'ဟဲ့ သား ဘာဖြစ်တာလဲ အန်ချင်တာလား ဟဲ့ဟဲ့ သား ဖြေးဖြေးသွား'
ချူမန့်စကားတောင်မဖြေနိုင် ရိပေါ်အောက်ထပ်က နီးစပ်ရာရေချိုးခန်းထဲပြေးကာ ခွက်ထိုးခွက်လန်ပြေးအန်ပါလေရော ချူမန့်နဲ့ရိရိကတော့ ရိပေါ်နောက်ပြေးလိုက်သွားကာ ရိပေါ်ကျောကိုထုပေးနေတယ်
'သားရယ် ဘာဖြစ်တာလဲ ဘာလို့ရုတ်တရက်ကြီးထအန်ရတာလဲကွယ်'
'မသိဘူး မား သားကြက်သားစားပြီး အန်ချင်လာတာ'
'ဟဲ့ ငါအဆိပ်တော့ထည့်မထားပါဘူး ဘယ်နှယ့်ကြောင့် ကဲပါ ဆေးခန်းသွားရအောင်'
'ရပါတယ် မားရဲ့ နားလိုက်ရင်....'
'အရစ်မရှည်နဲ့ လာ သွားမယ်'

YOU ARE READING
~အစေခံ~ ~အေစခံ~
Fiksi PenggemarZSWWရေးမှာမို့ မဖတ်ချင်လည်းရပါတယ် အပယ်ခံfdတွေ ဘာတွေညာတွေလာမလုပ်နဲ့ BJYXနေနေ ZSWWနေနေ အဓိကက အဓိကပဲလေ