(Unicode)
ရှောင်းကျန့်သတိရလာတော့ ဘေးမှာရိပေါ်က ခုံလေးနဲ့ထိုင်ပြီး ရှောင်းကျန့်ရဲ့ ဆေးပိုက်တပ်ထားတဲ့လက်ကိုကိုင်ကာ အိပ်ပျော်နေတယ် ရှောင်းကျန့်လည်း အားတဲ့လက်တစ်ဖက်နဲ့ ရိပေါ်ခေါင်းလေးကိုပုတ်လိုက်တော့ မျက်လုံးလေးလှုပ်ကာ နိုးလာတဲ့ရှောင်းကျန့်ရဲ့ အသည်းအသက်လေး
'ဟင် ဦး ဦးသတိရလာပြီလား ဆရာဝန် ဆရာဝန်ကိုသွားခေါ်ရမယ်'
'ဝမ်ငယ်'
'ဦးခဏစောင့် ကျနော်သွား....အား......'
'ဝမ်ငယ်......!!!!!!'
'ဦး.. အဟင့်.. နာတယ် ဦး...အဟင့် သွေး...သွေးတွေ....ဟင့်အင့် မဖြစ်ဘူး ခလေးလေး'
ရိပေါ် ရှောင်းကျန့်ကိုစိတ်ပူတဲ့ဇောနဲ့ ဆရာဝန်ကိုသွားအခေါ် ကြမ်းပြင်ကချော်ပြီး ပစ်လဲတော့ အောက်ပိုင်းဆီက သွေးတွေစီးလာခဲ့တယ် ရှောင်းကျန့် ရိပေါ်ပစ်လဲတာ မြင်မြင်ချင်း ကြက်သေသေနေမိတယ် ရိပေါ်အသံကြားမှ သတိပြန်ဝင်လာပြီး မိမိကိုချိတ်ထားတဲ့ ဆေးပိုက်တွေအကုန်ဖြုတ်ပြီး ကုတင်ပေါ်မှ အမြန်ဆင်းကာ
'ဝမ်ငယ် ဝမ်ငယ် မဖြစ်ဘူး '
ရှောင်းကျန့် ဝရုန်းသုန်းကားနဲ့ ရိပေါ်ကိုပွေ့ချီကာ
'ဆရာဝန် ဆရာဝန်တွေ ဘယ်နားသွားသေနေတာလဲ ဒီမှာလူနာရှိတယ် ဆရာဝန်တွေ ဘယ်ရောက်နေတာလဲ'
ရှောင်းကျန့်အော်သံကြောင့် ဆရာဝန်သုံး၊လေးယောက်လောက်ရောက်လာကာ ရိပေါ်ကို စမ်းသပ်ကြည့်ပြီး အရေးပေါ်ခန်းထဲခေါ်သွားတော့တယ် ရိပေါ်ကအခု အရမ်းအားနည်းနေတယ် နှလုံးခုန်နှုန်းလည်းနှေးနေသလို သွေးလည်းတအားဆင်းနေတယ် နဂိုကမှ စိုးရိမ်ရပါတယ်ဆိုမှ ခုလိုဖြစ်တော့ နှစ်ယောက်လုံးကိုကယ်နိုင်ပါ့မလား စိတ်ပူမိတယ် ခဏအကြာမှာ စစ်ကျွေးရောက်လာပြီး စစ်ကျွေးက ရှောင်ကျန့်အား အကောင်းဆုံးကြိုးစားပေးပါ့မယ်ဟု ပြောပြီး ရှောင်းကျန့်ပခုံးကို လက်ဖြင့်အားပေးသလို ပုတ်သွားကာ အရေးပေါ်ထဲဆီသို့ ဝင်သွားတော့တယ် ရှောင်းကျန့်ထိုင်ပင်မထိုင်နိုင် လက်နှစ်ဖက်ကိုပွတ်နေပြီး ရှိရှိသမျှ ဘုရားပေါင်းများစွာကိုတကာ အရေးပေါ်ခန်းရှေ့ ဂနာမငြိမ်ဖြစ်နေတယ် ခဏအကြာမှာ ချူမန့်ရောက်လာပြီး

YOU ARE READING
~အစေခံ~ ~အေစခံ~
ФанфикZSWWရေးမှာမို့ မဖတ်ချင်လည်းရပါတယ် အပယ်ခံfdတွေ ဘာတွေညာတွေလာမလုပ်နဲ့ BJYXနေနေ ZSWWနေနေ အဓိကက အဓိကပဲလေ