(Unicode)
အေးချမ်းလှတဲ့ ညနေခင်းဝယ် suitအဖြူရောင်လေးကိုမှ ဆင်တူဝတ်ဆင်ထားသော သားအဖသုံးယောက်နှင့် suitပန်းရောင်လေးကိုဆင်တူဝတ်တဲ့သားအဖ2ယောက်နဲ့အတူ ဆရာဝန်ဟုတန်းသိလောက်တဲ့ ဂျူတီကုတ်ကို လက်မှာချိတ်ထားတဲ့ ကောင်လေးတို့နဲ့အတူ ချူမန့်၏စားဖွယ်သောက်ဖွယ်များနဲ့ ရိရိ၏မွေးနေ့အားကျင်းပနေလျက်ရှိ၏
'ဝမ်ငယ်'
'ဗျာ'
'ဟား ထူးတာလေးကချစ်စရာလေး'
'ဟင် ဦးခေါ်လို့ထူးတဲ့ဟာ'
'ဟားဟား ဟုတ်ပါပြီ ဦးပြောစရာရှိလို့'
'ပြောလေ ဦးရဲ့'
'ရိရိကလေ ဒီနေ့ယွမ်ယွမ်တို့အိမ်လိုက်အိပ်မို့တဲ့'
'ဟမ် မဖြစ်ပါဘူး ရိရိက ငယ်တို့နဲ့ခွဲအိပ်ဖူးတာမဟုတ်ဘူး တော်ကြာအိပ်မပျော်နေမှ '
'ဝမ်ငယ်ရယ် ဒီနေ့တစ်ရက်လောက်လိုက်လျောပေးလိုက်ပါ သားဆန္ဒဖြစ်နေတာလေ'
'ဒါမဲ့...'
'ကဲ ဒါမဲ့လည်းမလုပ်နဲ့ ဒါရယ်လည်းမဟုတ်နဲ့ ခွင့်ပြုပေးလိုက်ပါ နော် သားကယွမ်ယွမ်ကို သိပ်ချစ်တာသိရဲ့သားနဲ့ နောက်လည်းသားကို အခန်းခွဲသိပ်တော့မှာပဲဟာ'
'ဟင်းးးး အင်းပါလေ ဒီနေ့တော့ခွင့်ပြုပေးလိုက်မယ်'
'ရေးးးး ခွင့်ပြုတယ်တဲ့ ရိရိနဲ့ယွမ်ယွမ်အကွယ်ကနေထွက်လာခဲ့တော့ ဝမ်ငယ်ကခွင့်ပြုတယ်တဲ့'
ရှောင်းကျန်းလှမ်းအော်လိုက်တော့ ပန်းပင်လေးတွေကြားကနေထွက်လာတဲ့ ခလေးနှစ်ယောက်ကြောင့် ရိပေါ်မျက်စောင်းလေးက ရှောင်းကျန့်ဆီသို့ ရိရိကတော့ ရိပေါ်ကိုပြေးဖက်ကာ
'အာ့ကြောင့် ပါပါးကိုချစ်ရတာသိလား ဟီးးးး'
'တော်စမ်းပါ တကယ်သာပါပါးကိုချစ်ရင် မသွားနဲ့တော့လေ'
'အဲ့...အဲ့ဒါကတော့...'
'ကြည့် မဖြေနိုင်တော့ဘူးမလား သားကပါပါးကိုတကယ်မချစ်ပါဘူးဆိုနေ'
'အဲ့လိုမဟုတ်ပါဘူး ယွမ်ယွမ်က ဒီနေ့ သားကိုခေါ်လို့ပါ မွေးနေ့လက်ဆောင်ပေးမို့တဲ့ အဲ့ဒါကြောင့်ပါ..'

YOU ARE READING
~အစေခံ~ ~အေစခံ~
ФанфикZSWWရေးမှာမို့ မဖတ်ချင်လည်းရပါတယ် အပယ်ခံfdတွေ ဘာတွေညာတွေလာမလုပ်နဲ့ BJYXနေနေ ZSWWနေနေ အဓိကက အဓိကပဲလေ