#Zawgyi
ဘူဆန်မြို့ရဲ့အေးစက်လွန်းသောဆောင်းရာသီမနက်ခင်း
တစ်ခုမှာ သူ့ကိုထားမသွားဖို့ငိုပြီးတားနေတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။"သားလေးရယ် မေမေတို့ကအကြာကြီးသွားမှာမှမဟုတ်တာပဲသားရယ် တစ်နှစ် နှစ်နှစ်လောက်ပဲလေကွယ်"
"အီးဟီး မသိဘူးမေမေရာ သားကိုမထားခဲ့ကြပါနဲ့ဆို
အူးဝါးး""သားလေးကလိမ္မာပါတယ် မငိုရဘူးလေကွယ်"
"မလိမ္မာဘူး သားမပါပဲဘယ်မှသွားကြဖို့မစဉ်းစားကြပါနဲ့ဆို အီးဟီးး"
တစ်ဦးတည်းသောသားလေးမို့မိဘနှစ်ပါးလုံးကဖူးဖူးမှုတ်ချစ်
ကြလို့ ဒီကောင်လေးဟာအရာရာကိုကလေးဆိုးလေး
တစ်ယောက်လိုဆိုးချင်လေရဲ့ ကလေးသာသာရှိသေးတဲ့ဒီ
ကလေးလေးကို ပတ်ဂျီဆောင်းဆိုတဲ့ကျွန်မကရောတစ်ယောက်ထဲထားခဲ့ရမှာစိတ်ချပါ့မလားရှင် ခေါ်သွားလို့မဖြစ်လို့သာထားခဲ့ရတာ လုံးဝကိုစိတ်မချနိုင်ဘူး ခွဲလဲမခွဲနိုင်လို့ညတိုင်းသားလေးမသိအောင်ခိုးငိုခဲ့ရတာ တစ်နှစ်မပြောနဲ့တစ်ညလေးတောင်ခွဲခဲ့ဖူးတာမဟုတ်ဖူး"Park Jimin!!မိဘကပြောနေရင်နားထောင်မှပေါ့
အခုတိတ် မငိုနဲ့တော့ ငါတို့ကအလုပ်ကိစ္စနဲ့သွားကြမှာ အပျော်သွားမှာမဟုတ်ဖူး မင်းကဘာလိုက်လုပ်မှာလဲ""အီးဟီးး ဖေဖေကလဲသားကိုမအော်ပါနဲ့ ဟင့် မလိုက် ဟင့် နဲ့ဆိုလဲ ဟင့် မလိုက်တော့ပါဘူး ဟင့်"
သားကဒီလိုပြောတော့လဲ တကယ်စိတ်မကောင်ဘူး ဘဝမှာ သားလေးကိုပထမဆုံးအော်ဖူးတာပဲ ဖေဖေကသားငိုတာမြင်ရင် ရင်တွေနာလို့ပါသားရယ် ဖေဖေတောင်းပန်ပါတယ်
"ဒီလိုမှပေါ့ ဖေဖေ့သားကလိမ္မာပါတယ် သားကကျောင်းလဲ
တက်ရအုံးမှာမို့ဖေဖေတို့ကမခေါ်တာပါကွာ""ဟင့် ဖေဖေကလဲ ကျောင်းကအဲ့မှာလဲ တက်လို့ရတာပဲလေဒီမှာထက်တောင်ပိုကောင်းတာမဟုတ်ဖူးလား"
YOU ARE READING
Like Brother 💔
Fanfictionအစောကြီးကတည်းက မချစ်ဖူးဆိုရင်လဲ မျှော်လင့်ချက်တွေပေးပြီး ချစ်လာအောင်မဖန်တီးခဲ့ပါနဲ့လား လူကြီးရယ်💔 #Park Jimin ကိုယ့်ဘက်ကအမှားတွေကြီးပါပဲ ကလေးရယ် ကိုယ့်ဘက်ကရှင်းရှင်းလင်းလင်းမရှိခဲ့လို့ အပြစ်ကင်းစင်တဲ့ကလေး...