✨8✨

273 43 2
                                    

.....................
ဒီနေ့ဆို Jiminကျောင်းတက်တာ တစ်ပတ်ရှိပြီ
ဒီတစ်နှစ်အတွင်း ဘာတွေထူးခြားသလဲလို့မေးရင်
ဘာမှမထူးခြားပါဘူး ပုံမှန်ပါပဲ ပြီးတော့ ထယ်ယောင်းနဲ့လဲ
ကျောင်းတူ‌နေတော့ကိုယ့်အတွက်တော်တော်လေး
အဆင်ပြေတယ် ကိုယ်မသိတာတွေကိုလဲ
ထယ်ယောင်းကအကုန်ရှင်းပြ ပြောပြပေးသေးတယ်
သူနဲ့ခင်ခွင့်ရတာ မင်နီးအတွက်
သိပ်ကံကောင်းတယ်ပြောရမယ် ကိုယ့်ရဲ့ပထမဆုံး
သူငယ်ချင်းပေမယ့် လူပေါင်းမမှားဘူးဆိုတော့
Jiminကိုယ့်ကိုယ်ကိုလဲ ဂုဏ်ယူမိတယ်
ဖေဖဖေနဲ့မေမေသိရင်လဲ မင်နီးအတွက် သေချာပေါက်
ဝမ်းသာပြီးဂုဏ်ယူမှာပဲ........

ကျောင်းတက်ရတာ အာလုံးအဆင်ပြေတယ်ဆိုပေမယ့်
Jiminအတွက် အဆင်မပြေပဲ စိတ်ရှုပ်ရတဲ့အကြောင်း
တစ်ခုတော့ရှိတယ် အဲ့ဒါက အရင်တစ်ပတ်က ကျောင်းကို
လက်မှတ်ထိုးဖို့လာတုန်းက Jiminကို ကျောင်းအုပ်ကြီး
ရုံးခန်းကို လမ်းညွှန်ပေးခဲ့တစ်ယောက်ပေါ့
Jiminရဲ့ပထမဆုံး ‌ကျောင်းတက်တက်တဲ့နေ့ကစပြီး
အခုထိ နေ့တိုင်းကို တစ်ကောက်ကောက်လိုက်ပြီး
အရောဝင်နေတာ မုန့်တွေလာပေးရတာနဲ့
တကယ်ပါ အခန်းမတူလို့သာပေါ့ အခန်းသာတူရင်
စာသင်တာမကြည့်ပဲ ကိုယ့်ကိုထိုင်ကြည့်နေမယ့်ပုံစံကြီး
တစ်နေ့တစ်နေ့ သူ့ကိုရှောင်ရတာကJiminအတွက်
အလုပ်တစ်ခုလိုတောင်ဖြစ်နေပြီ.......

.............

ကလင်....ကလင်......

ကျောင်းဆင်းပြ်ီ ထုံးစံအတိုင်းအမြန်ပြေးရမယ်
ဒီ‌လိုပြောတော့ တစ်ချို့က ထင်ကြလိမ့်မယ်
ကျောင်းဆင်းခေါင်းလောင်းတီးတာနဲ့ သူ့ထက်ငါ
အရင်ပြေးပြီး ကျောင်းဆင်းကြတဲ့အရွယ်လဲမဟုတ်ပါပဲ
အမြန်ပြေးရမယ်ဆိုတော့ ကိုယ့်ကိုယ်ကို ကလေးလို့များ
သတ်မှတ်ထားသလားဆိုပြီးပေါ့

အဲ့လိုထင်ရင်လဲ မတတ်နိုင်ပါ
ဟိုတစ်ယောက်အား‌ရှောင်ဖို့ကသာ အရေးကြီးတယ်

"Jiminရေ မင်နီးလေး"

ကျစ် ဟာ သွားပြီ ပြေးပါမယ်ဆိုမှကွာ
ခုမှကျောင်းခေါင်းလောင်းထိုးတာကို
ဘယ်အချိန်ကတည်းကများလာစောင့်နေလ့ို
သူကကြိုရောက်နေရတာလဲ

Like Brother 💔Where stories live. Discover now