Zawgyi
ဒီနေ့.......ဟုတ်သည်
ဒီနေ့ သူမကကျွန်တော့်ဆီကို လာမယ်တဲ့
ကျွန်တော်အတွက်အရေးအပါဆုံးသော လူနည်းစုထဲက
တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ချစ်သူ မီနာ။မနေ့က ဘာကိုစိတ်ကောက်လို့ကောက်သွားမှန်းမသိတဲ့
ဟိုအသေးလေးနောက်ကိုလိုက်နေတုန်း
သူမဆီကနေ ဖုန်းခေါ်လာခဲ့တယ် ဖုန်းကိုင်လိုက်တော့
သူမကပြောတယ် 'ကိုကို့ဆီကို မီနာ မနက်ဖန်လာခဲ့မယ်´
တဲ့လေ ချစ်စရာလေးဗျာ ကိုယ့်အတွက်တော့
ဒီနေ့နဲ့ မနက်ဖန်က ပျော်စရာနေ့ရက်လေးတွေပေါ့.......စိတ်ကောက်နေတဲ့ ကောင်လေးကိုတော့
နောက်ရက်မှပဲ ဘာလို့စိတ်ကောက်လဲမေးပြီး
သေချာလေးပြန်ချော့တော့မယ် ခုတော့ အိမ်ပြန်ပြီး
သေချာရှင်းထားရမယ်...................................
"ကိုကို"
.........."ကိုကိုလို့"
..........
"ရတယ် မထူးဘူးပေါ့ အိုခီ တစ်ခြားတစ်ယောက်ကိုပဲ
ကိုကိုလို့သွားခေါ်တော့မယ်"..............
"ဟာ ကိုကို ခင်ဗျားအဲ့လိုပေါ့ ကျွန်တော့်အချစ်ကိုမရခင်
တုန်းကတော့ ထယ်လေးကိုပဲချစ်တယ် ထယ်ထယ်လေးကိုပဲအတည်ကြံတာပါ ထယ်လေးကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူး ထယ်ထယ်လေးမှမချစ်ရင် သေပါတော့မယ်ဆို
အခုချစ်သူဖြစ်ပြီဆိုတော့ ခင်ဗျားကြီးအချိုးတွေကပြောင်းပြီပေါ့ ဗီဇက ပေါ်လာပြီ ဘာလဲ အသစ်တွေ့နေပြီမလား
ကောင်မလေးချောချောလေးတွေကိုတွေ့နေပြီလား ဒီက
ယောကျာ်းလေးဆိုတော့ မိန်းကလေးတွေနဲ့ဘယ်ယှဉ်နိုင်ပါ့မလဲ တော်ပြီ ခင်ဗျားကြီးနဲ့ဆက်မတွဲနိုင်တော့ဘူး ပြတ်မယ် ပြတ်မယ်"အမယ် စိတ်ဆိုးအောင်သူကပဲ ပြဿနာရှာထားသေးတယ်
အခုကြည့် စိတ်ဆိုးနေတဲ့ ကိုယ့်ကိုချော့မယ်မရှိဘူး
သူ့ဘာသာ ထင်ချင်ရာထင် ပြောချင်ရာပြောပြီး
သူကပဲ ပြန်စိတ်ဆိုးရတယ်ရှိသေး ချစ်တော့လဲ ခံရမှာပဲ
ဒီလိုရစ်စိန်အဆိုးလေးကိုမှ ချစ်မိနေတော့လဲ မတတ်နိုင်...
ဒါပေမယ့် အခုတော့ ပြတ်မယ်ဆိုတဲ့စကားလုံးကြောင့်
တော်တော်လေးဒေါသထွက်နေပြီ ဆူစရာရှိတာတော့ဆူရအုံးမယ် ပြီးမှပဲ ထပ်ချော့တော့မယ်
![](https://img.wattpad.com/cover/285756871-288-k107471.jpg)
YOU ARE READING
Like Brother 💔
Fanficအစောကြီးကတည်းက မချစ်ဖူးဆိုရင်လဲ မျှော်လင့်ချက်တွေပေးပြီး ချစ်လာအောင်မဖန်တီးခဲ့ပါနဲ့လား လူကြီးရယ်💔 #Park Jimin ကိုယ့်ဘက်ကအမှားတွေကြီးပါပဲ ကလေးရယ် ကိုယ့်ဘက်ကရှင်းရှင်းလင်းလင်းမရှိခဲ့လို့ အပြစ်ကင်းစင်တဲ့ကလေး...