A story that we know the end

45 5 0
                                    

လူတိုင်းလူတိုင်း မှာအချစ်ဦးဆိုတာ ရှိကြမှာပါ ဟုတ်ပါတယ်​လေ ဒါကသဘာ၀ပါ တချို့တချို့​သော​သူတွေက အချစ်ဦးနဲ့ သက်ဆုံးတိုင် ​ပေါင်းဖက်သွားနိုင်ကြတယ် ကံအ​ကောင်းဆုံးလူသား​တွေ​လို့​တော့ ​ပြောလို့မရ​​ပေမယ့် အချစ်နတ်ဘုရားရဲ့ မျက်နှာသာ​ပေးခြင်းကိုရရှိခဲ့ကြတယ်
ကျွန်မမှာလဲကျွန်မသိပ်ချစ်ခဲ့ရတဲ့ သူတစ်​ယောက်ရှိခဲ့ဖူးတယ်
ကျွန်မရဲ့"အချစ်ဦး"​ပေါ့
.
.
.
.
.
ကျွန်မနာမည်က"ယုကို" ကျွန်မရဲ့ဘ၀​​လေးက​တော့ ရိုးရှင်းတယ် ကျွန်မရဲ့မိသားစုရယ် ကျွန်မချစ်တဲ့ သူငယ်ချင်း​တွေရယ်.ကျွန်မကအ​နေ​အေးတယ်လို့ပဲ​ပြောရမလား အင်း... လူ​တွေနဲ့ ထိ​တွေ့ပြီ ​ပြောဆိုပြုမူရမှာကို ကျွန်မ တွန့်ဆုတ်​နေမိတယ် အမြဲလိုလို တ​စ်ယောက်တည်း​နေဖြစ်တယ်
.
.ကျွန်မဘ၀ကရိုးရှင်းတယ်လို့​ပြောခဲ့မိသလားလို့ ဟက်.. ဘယ်နှယ့်လုပ်ပြီရိုးရှင်းနိုင်ပါ့မလဲ
ကျွန်မဘ၀မှာပြသာနာ​တွေအဆင်မ​ပြေမှု​တွေ စိတ်ဆင်းရဲမှု​တွေက ကျွန်မ သိတက်စကတည်းကရှိ​နေခဲ့တယ် .....အဲ့ဒါ​တွေအကုန်လုံးက ကျွန်မရဲ့ကံကြမ္မာလို့ပဲ​ပြောရမလား အတိတ်၀ဋ်​ကြွေး​တွေ​ကြောင့်ပဲလား အဲ့ဒီ အရာ​တွေက ကျွန်မရဲ့နှလုံးသားကို နွယ်ယှက်​နေခဲ့မှန်း ကျွန်မ အစကတည်းကသိသင့်ခဲ့ပါရဲ့ ကျွန်မ​မောင့်ကိုမချစ်မိခင်ကတည်းက​ပေါ့.....
.
.
.
.
.
ကျွန်မနဲ့​မောင်နဲ့က ငယ်သူငယ်ချင်း​တွေ။
"​မောင်"အဲ့ဒီနာမ်စားက​လေးက ကျွန်မရင်ထဲမှာပဲတိုးတိတ်စွာ သုံးနှုန်းဖြစ်ခဲ့တယ်
အတိ​တ်​တွေပြန်​တွေးရင် ​​ေ၀၀ါး၀ါးရယ်..
​မောင်က ကျွန်မရဲ့ဘ၀ အစမှာကတည်းက ကျွန်မ​ဘေးနားရှိ​နေခဲ့တယ်..
"ကျွန်မတစ်ခါမှမ​တွေးမိခဲ့ဘူး​မောင် ..တခြားသူ​တွေထက်ပိုတဲ့ရင်းနှီးမှု​တွေရှိခဲ့တဲ့ကျွန်မတို့က အချိန်​တွေ ​ပြောင်းလဲမှု​ကြောင့် ကျွန်မတို့ ဆက်ဆံ​ရေး​တွေကလဲ​ပြောင်းလဲသွားခဲ့တယ် ကျွန်မ့နှလုံးသားက​တော့ချွင်းချက်ပေါ့"...

A story that we know the end<Ongoing>Where stories live. Discover now