Part1💭

36 5 0
                                    

ဇွန်လရဲ့မနက်ခင်း မိုး​နတ်မင်းရဲ့အလို​တော်အကျ
မိုးဖွဲများရွာသွန်း​နေတယ်
ထိုစဥ်..
"သမီး ငယ်၊ငယ်​လေး​ရေ ထ​တော့​ထ​တော့"
"ထပါဦ ဒီ​နေ့မူကြိုသွားရမယ်​လေ ..ထ​တော့လိမ္မာတယ်မလား ​ဖေ့သမီး​လေးက"
ဦး​မြတ်ကိုရဲ့ မနက်ခင်း ​ချော့မြူသံ​တွေကြား​နေရပါ​တော့တယ်
"​အင့် ​ဖေ​ဖေ မီးအိပ်ချင်​​သေးတယ် ထပ်အိပ်မယ်​နော်.."

"​နော်.."
ယုကို တစ်​ယောက်​တော့ ဖ​အေ ကိုမျက်နှာချို​သွေး​​နေ​လေရဲ့
"ကယ်ကယ် ထ​​တော့ထ​တော့ သမီး​​မေ​မေ ကြက်သားဆန်ပြုပ်ပြုပ် ထားတယ် "

ကြက်သားဆန်ပြုပ်ဆိုတဲ့အသံလဲကြား​ရော မိယုကိုတစ်​ယောက် အိပ်ရာက​နေ ​ငေါက်ခနဲထပြီ ​မျက်နှာသွား​ပြေးသစ်ပါ​လေ​ရော
.....
အိမ်​ရှေ့ ထမင်းစာပွဲဟုသတ်မှတ်ထား​​သော ​လေး​ထောင့်စားပွဲခုံပု​ရှေ့၌
"​မေ​မေ က​လဲသမီးမှမကြိုက်တာ မစားဘူး
တခြားဟာလုပ်​ပေး"

"သမီးကြီးကဘာစားချင်လို့လဲ"

"သမီးကမုန့်ဟင်းခါးစားချင်တာ "

"အင်း အ့ဆို​ဖေ​ဖေသွား၀ယ်​​ပေးမယ်"

ရမုံကို တစ်​ယောက်က​တော့ ​ဦးမြတ်ကို​နောက်​ပြေးသွားပြီ

"​အဖေ​ အိုးဘဲဥနဲ့​နော် နံနံပင် မထည့်ခဲ့နဲ့"
ဟု​အော်​ပြော​နေ​လေရဲ့
..
.
.
.
.
.
​နွေးရင်ခွင် မူကြို ​ကျောင်းအ၀င်၀၌
"ငယ်​လေး လိမ်လိမ်မာမာ​နေ​နော် ​
​ ​နေပူထဲလဲမ​ပြေး​နေနဲ့​နော် ကြားလားသမီး"

"ဟုတ်ကဲ့ပါ​ဖေကြီးကလဲ ​
​ဖေကြီးဆိုင်ဖွင့်ဖို့​နောက်ကျ​နေဦးမယ်
ပြန်​တော့​နော်" ဟု​ပြောပြီ မူကြိုထဲသို့ ​တောက်​တောက်​တောက်​တောက်နဲ့ ၀င်သွားတဲ့သမီးငယ်
ကိုကြည့်ပြီဦးမြတ်ကို တ​ယောက်မျက်ရည်စ​တွေ၀ဲလာ​လေတယ်

"အင်း.. သမီးငယ်​လေး​တောင်မူကြိုတက်မယ့်အရွယ် ​ရောက်လာပါ​ရောလား..."

ယုကို မူကြိုခန်းထဲ၌ သူငယ်ချင်းဖြစ်သူ နှင်း​သွေး
ကို ပြူးပြဲ၍ရှာ​နေတုန်း
"ဟဲ့ ယုကို"

"ဟဲ့ယုကို"
ယုကို တ​ယောက်အ​နောက်က ​ခေါ်သံကိုသတိမထားမိပဲ အခန်းထဲကိုပဲ ​ချောင်းကြည့်​နေ​လေရဲ့"
ဖြန်းး
"အာ့ နာတယ်ဟ"
ရုတ်တရပ်​ကျောကုန်း ကိုလာရိုက်​သော​ကြောင့်
ယုကို​နောက်လှည့်ကြည့်လိုက်​တော့
" ​​ယုယပြည့်!"

"​အေ နင့်သူငယ်ချင်းယုယပြည့် ဒါနဲ့​နေပါဦး
ငါ​ခေါ်တာ​တောင်နင်မကြားနိုင်ပဲ ဘာ​တွေဒီ​လောက်​တောင်​ချောင်း​နေတာတုန်း"

"ဟမ် ဟို နှင်း​သွေး နှင်း​သွေး ကိုလာရှာတာ"

"ဟဲ့ မိယုကို နင်​မှတ်ဥာဏ်မ​ကောင်း​တော့တာ​လား
မ​နေ့ကပဲနှင်း​သွေး ​ကျောင်းပျက်မယ်လို့​တောင်နင့်ကို​ပြော​နေတာမဟုဘူးလား"

"နင်​တောင်သူဆရာမကို ခွင့်တိုင်ဖို့ အ​ဖော်လိုက်သွား​ပေး​သေးတယ်မဟုတ်လား"

ယုယပြည့်​ပြော​တော့မှ
"ဟမ် ​အေဟုတ်သားပဲ ဟီး ငါ​မေ့သွားလို့"

"​သြော်​အေ​​အေ လာ​မေ့မ​နေနဲ့ အခန်းထဲသွားကြမယ်"

မူကြိုမှာက အခန်း၂ခန်းခွဲထားတယ် ယုကိုနဲ့ ပြည့်ပြည့်(ယုယပြည့်)တို့က တစ်ခန်း
နှင်း​သွေးတို့ကတစ်ခန်း အခန်းမတူကြဘူး
နှင်း​သွေးနဲ့ယုကို အခန်းမတူပဲဘယ်လိုခင်သွားကြသလဲဆို​တော့ ပြည့်ပြည့်နဲ့ နှင်း​သွေး က နှစ်၀မ်းကွဲ ​ဆွေမျိုး ​တွေ
ပြည့်ပြည့်နဲ့ နှင်း​သွေးတို့က ​ကျောင်းတူတူလာကြတယ်
ပြည့်ပြည့်နဲ့ယုကို ကအခန်း​ဖော်သူငယ်​ချင်း​တွေဆို​တော့ နှင်း​သွေးနဲ့လဲခင်သွား​လေရဲ့

နှင်း​သွေးက ​ချောတာထက်ချစ်ဖို့​ကောင်းတယ်
ကျစ်ဆံမြီး​လေနဲ့ သနပ်ခါးပါးကွက်ကြားနဲ့
​နောက်ပြီနှင်း​သွေးကဂါ၀န်ပဲအမြဲ၀တ်တယ်

အင်း..ပြည့်ပြည့်ကျ​တော့ ဆံပင်ကုတ်၀ဲ​လေနဲ့
နှင်း​သွေးလို​တော့ အသားမဖြူ​ပေမဲ့ အသား​လေး​က ​ရွှေ​ရောင်​လေး နဲ့

ယုကိုကကျ​တော့ ဆံပင်တိုကပ်ကပ် ပါး​ဖောင်း​ဖောင်း မျိုးရိုးအလိုက်အသားညိုတယ် ​နောက်ပြီ
မျက်နှာက၁၂ရာသီ မျက်နှာ​ပြောင်နဲ့
သနပ်ခါးလိမ်းဖို့ မနက်​စော​စောမထတာကတစ်​ကြောင်း ​မေ​မေက ဆိုင်အလုပ်​တွေနဲ့ အိမ်အလုပ်​တွေနဲ့အချိန်မ​ပေးနိုင်တာက တစ်​ကြောင်း
ထိုအ​ကြောင်း​တွေ​ကြောင့် ယုကို သနပ်ခါးမလိမ်းဖြစ်  တခါတ​လေ စိတ်​ပေါက်ရင်​တော့ ကိုယ့်ဘာသာကိုယ့် လိမ်းသွားလိုက်တာပဲ မူကြိုအရွယ်က​လေးတ​ယောက်က နှင်း​သွေးတို့​အ​မေလိမ်း သလိုမျိုး ပါးကွက်ကြား ​လေးနဲ့ဖြူဖြူ​ဖွေး​ဖွေး​​တော့ဘယ်လိုလုပ်လိမ်းလို့တက်နိုင်ပါ့မလဲ
တခါတ​လေ​တော့လဲ ယုကို နှင်း​သွေးတို့လိုလှလှပပ​လေး လိမ်းချင်​တယ် အင်း .. ဒါ​ပေမဲ့လဲ
ဘယ်တက်နိုင်ပါ့မလဲ​လေ
~~~~~~~~~~~~\~~~~~~~~\~~~~~~~~~

​နောက်တစ်ပိုင်းမှာ​တော့ ယုကိုတ​ယောက် ​
သူမရဲ့အချစ်ဦးနဲ့​စ​တွေ့ပါ​တော့မယ်..

ဖတ်​ပေးတဲ့စာဖတ်သူတစ်ဦးတစ်​ယောက်ချင်းစီကို ivy က
♡♡​ကျေးဇူး​လေး​တွေတင်ပါတယ်ရှင်♡♡
27.11.2021

A story that we know the end<Ongoing>Where stories live. Discover now