Part2💭

24 6 0
                                    

ဒီ​နေ့ယုကို မူကြို​စော​စောသွားဖြစ်တယ် ဘာလို့လဲဆို​တော့ ​​ဖေကြီး ဆိုင်အတွက်၀ယ်စရာရှိလို့ဆိုပြီ
ယုကို ကို​​ကျောင်း​စော​စောပို့သွားတယ်
​စော​စောထရ​တော့ယုကိုတ​စ်​ယောက် အိပ်မှုန်စုံမွား
နဲ့ ​ကျောင်းလာခဲ့ရတယ် မနက်စာ​တောင်မစားခဲ့ဘူး
"အာယို. ဗိုက်ဆာလိုက်တာ "
​မေ​မေက ယုကိုစားဖို့ ပဲနို့တစ်ဗူးရယ် ​ပေါင်မုန့်
တစ်ထုပ်ထည့်​ပေးလိုက်တယ်
ဒါမဲ့ ယုကို မစားချင်ဘူး ယုကိုက မနက်စာ
ကို ဆန်ပြုပ်ပဲ​သောက်တက်တာ​လေ

ယုကိုစိတ်ညစ်ညစ်နဲ့ အခန်းထဲ၀င်လာလိုက်တယ်
ထိုစဥ်

ငိုသံ​သေး​သေး​လေးကြားလိုက်ရတယ်
"ဟင် ဘယ်သူငို​နေပါလိမ့်."
အခန်းထဲကိုကြည့်​တော့လဲ ဘယ်သူမှမ​တွေ့
"ဟိုဘက်အခန်းကများလား"
ယုကို နှင်း​သွေးတို့ အခန်းဆီ​သွားကြည့်လိုက်တယ်
အခန်း​ထောင့်မှာထိုင်ပြီ ငို​နေတဲ့ ၀၀တုပ်တုပ်​ကောင်​လေးကို​တွေ့လိုက်ရတယ်
မျက်နှာပါးနှစ်ဖက်မှာရှိတဲ့  ၀လုံးပုံစံသနပ်ခါး
​တွေကလဲမျက်ရည်​တွေ​ကြောင့် တစ်၀က်တပျက်နဲ့ ပျက်ကုန်ပြီ နှာရည်​တွေနဲ့ တရှုပ်ရှုပ်ငို​နေ​လေရဲ့

ယုကိုလဲဘာဆက်လုပ်ရမှန်းမသိတာနဲ့
လက်ထဲမှာကိုင်ထားတဲ့ ပဲနို့ဘူးကိုကမ်း​ပေးလိုက်တယ်
​ကောင်​လေးက ကမ်း​ပေးတဲ့ပဲနို့ဘူးကိုမြင်​တော့
ယုကိုကို မျက်လုံး၀ိုင်း၀ိုင်းဖြင့်​မော့ကြည့်လာတယ်
ထို​​နောက် မျက်ရည်​တွေကပျာကယာ သုတ်ပြီ
​ခေါင်းကြီးငုံ့​နေတယ်

"ငါ့နာမည်က ယုကို နင့်နာမည်က​ရော"

"မ​ပြောပြာဘူး"

*ဟမ်ဘယ်လို​ကောင်​လေးပါလိမ့် ကြည့်ရတာယုကိုနဲ့
အသက်တူတူ​လောက်ပဲ နာမည်​လေး​မေးတာ​ပြောလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ* ယုကိုတ​ယောက်စိတ်ထဲက​​နေပွစိပွစိ​ရေရွတ်​နေ​

"အဟမ်း အ့ဆိုလဲမ​ပြောနဲ့​ပေါ့ ဒါနဲ့ ဘာလို့ငို​နေတာလဲ "

"........"

"မ​ပြောချင်လဲမ​ပြောနဲ့ ငါ့မှာ​ပေါင်မုန့်ရှိတယ်
စားမလား"

​ပေါင်မုန့်သံလဲကြား​ရော ​ကောင်​လေးမျက်လုံးအ၀ိုင်းသာဖြင့် ​မော့ကြည့်လာတယ်

A story that we know the end<Ongoing>Where stories live. Discover now