9 years later
ဘာလိုလိုနဲ့ ယုကိုတို့ အထက်တန်းတောင်ရောက်လာပြီ
ယုကိုနဲ့ မင်းဘုန်းခေတ် က ကျောင်းလဲတူ
နေတဲ့ ရပ်ကွက်ချင်းလဲတူနောက်ပြီ မထင်မှတ်ပဲ
မေမေနဲ့ အန်တီကျော့ က အရင်က အိမ်ခြံ မြေလုပ်ရင် မိတ်ဖက်ဆွေဖက် တွေ။
နှစ်တွေကြာလာတော့ တစ်အိမ်နဲ့တစ်အိမ် ဆွေလိုမျိုးလိုဖြစ်လာကြတယ်
မင်းဘုန်းခေတ် နဲ့လဲ ကစားဖော်ကစားဖက် ငယ်သူငယ်ချင်း
တစ်ယောက်ကြောင်းတစ်ယောက် မသိတာမရှိ
ယုကို ကအလျှော့ပေးသလောက် မင်းဘုန်းခေတ်
က အနိုင်ယူဗိုလ်ကျစမြဲ
.
.
.
"မေမေ သားသား ကျောင်းသွားတော့မယ်""သားသား ထမင်းချိုင့် မမေ့နဲ့ဦနော်"
ဟိုတနေ့က ကျောင်း သွားဖို့အရေး အလောတိုက်
ပြီ ထမင်းချိုင့်ပါ မေ့"အာ..ဟုတ်မေမေ"
"သား ဘယ်သွားဖို့လဲ ကားက ခြံရှေ့မှာလေ"
"သား ယုကိုကိုသွားခေါ်မလို့"
"သြော် အေအေ ဖြေးဖြေးသွားနော်သားသား.."
အင်း...သားကယုကိုကို အတော်ခင်မင်တယ်
ငယ်ငယ်ကတည်းက ကစားဖော် မောင်နှမ မရှိတော့ ယုကိုလေး ကိုပိုခင်မင်လာတယ်
.
.
.
.
.
.
.
.
"ယုကို...."
"အင်းပြောလေ "
"ငါ အအေးသောက်ချင်လို့"
"သြော်အဲ့တာများ သွား၀ယ်သောက်လေဟယ်"
"အေအဲ့တာ နင် သွား၀ယ်ပေး.."
"ဟဲ့ မင်းဘုန်းခေတ် နင်ငါ့ကိုတော်ရုံအနိုင်ကျင့်..
ဟိုမှာနာရီကိုကြည့်..ကျောင်းတက်တော့မယ်
နင်သောက်ချင်ရင် ကျောင်းလွှတ်ရင်သောက်
၀ယ်ပေးမယ်""........"
"ဟဲ့ ကောက်မနေနဲ့"
"......"
"အေ ဆက်ကောက်နေလိုက်ဘာမှန်းမသိဘူး
ယောကျာ်းလေးဖြစ်ပြီး ကောက်နေလိုက်တာ"
12 min later
"အမလေး မောလိုက်တာ "
ယုကိုအမောတကောအအေးတစ်ခွက်နဲ့ စာသင်ခန်းထဲ၀င်လာ
"ဟဲ့ ယုကို နင်ဘယ်လိုတွေဖြစ်..."ပြည့်ပြည့်မေးတာတောင်မဖြေနိုင် ပဲ
ယောကျာ်းလေးတွေထိုင်နေတဲ့ အတန်း
မင်းဘုန်းခေတ် ဆီ ပြေးသွားလေရဲ့
"ရော့ မင်းဘုန်းခေတ်..."
"....."
ယုကို ကို မကြည့်ပဲသူ့သူငယ်ချင်းတွေနဲ့ စကားပြောမပြတ်
YOU ARE READING
A story that we know the end<Ongoing>
Romantizmမောင့်ကိုချစ်တဲ့အချစ်ကို ဖွဲ့ဆိုမတက်ဘူးမောင်။ ဒီအတိုင်း ဘာမှမမျှော်လင့်ပဲ ချစ်ခဲ့တာပါ ...မောင့်ဆီကအချစ်ကိုတောင်မှပေါ့~~~~