Part4💭

27 3 0
                                    

"ဦးထွန်း...စံအိမ်ကို​မောင်း.."

"ဟင်. ဘာလို့ ​ခေတ်တို့အိမ်လဲ "

ကျစ်..အဲ့ဒါ​တွေမကြိုက်တာ အမြဲတမ်း​မေ့
မနက်ကပဲ ဦး​လေးမြတ်နဲ့​ဒေါ်​ေ​ဒါ်တို့​မှော်ဘီကအမျိုး​တွေအလှူလုပ်လို့  ခရီးသွားတယ်ဆိုတာလဲ
သူပဲ​ပြော မရမုံက ​တက္ကသိုလ်ကျောင်းကွင်းဆင်းလို့ အိမ်မှာမရှိသည်မှာ ၄ရက်​လောက်ရှိပြီ
ဒီတ​ယောက်က​တော့ မိုးမိပြီအတိတ်​မေ့သလို​ရွှေ​ပျောက်သလို လုပ်​နေပြီ
.
"ငါ့အိမ်မပြန်ရင် နင်ဘယ်မှာသွား​နေမလဲ"

"ကိုယ့်အိမ်မှာကိုယ်​နေမှာ​ပေါ့"
"အခုအိမ်မှာ ဘယ်သူမှမရှိဘူး ဆိုတာနင်​မေ့သွားပြီလား"

*ဟုတ်သား..ကို တ​ယောက်​တော့အလွဲလွဲအမှားမှား*
"ဘာပဲဖြစ်ဖြစ် အိမ်ပြန်မယ် ​ခေတ်တို့အိမ်မလိုက်ဘူး ဦးထွန်းသမီးတို့အိမ်​မောင်း​ပေးနော်"

"ကျစ်.. အခုပုံစံနဲ့ဘယ်လိုအိမ်ပြန်မလဲ
မိုးမိထားတာနဲ့ ညအချိန်မ​တော်​အဖျားတက်ရင်ဘယ်လိုလုပ်မလဲ
ဘာမှလျှာရှည်မ​နေနဲ့ ငါ​ပြောသလိုလုပ်"

​​ခေတ် ​ပြောလိုက်မှ ဘာမှပြန်မ​ပြော​တော့ပဲ ငြိမ်သွား
ပါးစပ်က​တော့ပွစိပွစိရွတ်​​နေ​လေရဲ့
.
.
.
"သမီး  လာလာအိမ်ထဲ၀င် ကြည့်ပါဦ
မိုး​မိလာတာပဲ.. "

"ဘယ်လိုဖြစ်တာလဲသား ယုကိုကို ကားနဲ့​ခေါ်မလာဘူးဆို"

"မဟုတ်ဘူး တီ​ကျော့ ဟို..ဟို."
ယုကို ဘာ​ပြောရမှန်းမသိ​ချေ မိုးမိတာလဲကိုယ့်အပြစ်နဲ့ကိုယ်ပင် ​ခေတ်ကို ရွဲ့ချင်တာနဲ့ တမင်လုပ်လိုက်​တော့ ခံရတဲ့ လူက ကိုယ်ကိုယ်တိုင်ပင်
ယုကို ​ယောင်လည်လည်ဖြစ်​နေစဥ်

"​မေ​မေ ​နောက်မှ​မေး​တော့ ဒီမှာ ကိုကို တစ်​ယောက် ​ရေစိုကြီးနဲ့ ဖျား​တော့မယ်"

"​​အေဟုတ်သား  လာလာ သမီး အန်တီအင်္ကျီယူ၀တ်ထားလိုက်​နော် သမီး"

"မမမြ မနက်ကဖုန်းဆက်ပြီ​ပြောထားတယ်
တစ်ပတ်​လောက်​နေမှပြန်လာဖြစ်မယ်တဲ့
သမီး မိဘ​တွေပြန်မလာခင်ထိ ဒီအိမ်မှာ ​နေလိုက်​ပေါ့"

"ဟုတ် တီ​ကျော့"
                     ***********
ည​နေက မိုးမိသွားတာ​ကြောင့် ယုကို တစ်ကိုယ်လုံး ကိုက်ခဲ​နေတယ် အဖျားတက်ချင်သလိုလို ​နေမထိထိုင်မသာဖြစ်​နေတယ်
​ခေတ်တို့အိမ်မှာ ​နေရတာ ကိုယ့်အိမ်မဟုတ်တဲ့အတွက် ​နေရထိုင်ရခက်လား ​မေးရင် ဟင်အင်း
ယုကို အတွက်က ပုံမှန်ပါပဲ  ယုကို ငယ်ငယ်ကတည်းက ​ဖေ​ဖေ တို့ အလုပ်ခရီးထွက်ရင်
ယုကို ​ခေတ်တို့အိမ်မှာ ဒီလိုပဲခဏတစ်ဖြုတ် ​နေ​နေကြ။
တီ​ကျော့ က ယုကို ​နေဖို့​တောင် အခန်း တစ်ခန်း ထားတာ​ပေ​သေးတယ်
အရင်ငယ်ငယ်တုန်းက ​တော့ ကိစ္စမရှိ​ပေမဲ့
ယခုက​​တော့ မတူ​ပေ။
​ ပတ်၀န်းကျင်အမြင်ရှိ​သေး၏ ​ခေတ်က ဂရုမစိုက်​ပေမဲ့ မိန်းက​လေးဖြစ်တဲ့ကိုယ်က ​တော့ ဂရုစိုက်ရမည် ​ခေတ်နဲ့ ငယ်ငယ်ကတည်း ​ခင်လာ​တော့ တစ်​ယောက်နဲ့တစ်​ယောက် တခြားသူငယ်ချင်း​တွေထက်
ပိုအ​နေနီး၏ ရိုးရိုးသားသားခင်တယ်ဆို​ပေမယ့်
တခြားသူ​တွေအမြင်မှာ တမျိုး​ထင်စေနိုင်တယ်

A story that we know the end<Ongoing>Where stories live. Discover now