1

2.3K 174 4
                                    

လှိုင်းသံတွေနဲ့ ပင်လယ်လေဟာ
ခရီးဆောင်အိတ်ကို ချပြီး ချက်ချင်းပဲ
သဲသောင်တွေဆီ ငါ့ကို ပြေးလွှားစေတယ်။

နေရောင်ခြည်နွေးနွေးတွေဟာ
နေမွန်းတည့်ချိန်မှာ ငါ့ခြေထောက်တွေဆီ
​ဖြန့်ကျဲလာကြတယ်။

ဆုံတွေ့ရလို့ ဝမ်းသာတယ် ကယ်လီဖိုးနီးယားရယ်
ဒီ ဆန်တာ မိုနီကာ ပင်လယ်မြို့လေးမှာ
ငါစိတ်တွေ တစ်ခဏလောက် လွှတ်ချပစ်ပါရစေ။

အလုပ်တွေနဲ့ ပိနေခဲ့တဲ့ ကာလတွေဟာ
မွန်းကြပ်စရာ ကောင်းလွန်းခဲ့တယ်လေ။

အားလပ်ရက်တွေတိုင်း
တစ်ယောက်တည်း ခရီးတွေထွက်နေခဲ့တာ
အပန်းဖြေချင်ရုံသက်သက်ကလွဲ
ဘာမှမရှိခဲ့ဘူး။

ပင်လယ်လေကို တစ်ဝရှူရှိုက်ပြီး
ဟိုတယ်အခန်းဆီ ပြန်အိပ်မယ်။
နေဝင်ချိန်လောက်ကျရင်တော့
ဘီယာအေးအေးလေးသောက်ရင်း
ဆန်တာ မိုနီကာရဲ့အလှကို ငါငေးရမယ်။

___________________________________

ဆန်တာ မိုနီကာဟာ
အရောင်အသွေးစုံလွန်းတယ်။
ညနေခင်းဆည်းဆာအောက်မှာ
လူသူတွေ အများကြီးသွားလာနေပေမယ့်
ဘယ်သူ့ကိုမှ ငါလိုက်မကြည့်ဖြစ်ဘူး။

ပင်လယ်ဆီ မျက်နှာမူထိုင်နေရင်းက
လူတစ်စုဆီက သီချင်းဆိုနေကြသံဟာ
ငါ့အာရုံကို ရုတ်ချည်းဖမ်းစားသွားတယ်။

အလုပ်ကလွဲ ဘာမှမသိတဲ့ငါ့အတွက်
အဲ့သည်လူတစ်စုလိုမျိုး ပျော်ရွှင်မှုဆိုတာ
ဘယ်တုန်းက နောက်ဆုံးခံစားခဲ့ရတာ ဖြစ်မလဲ။

ပြုံးရယ်နေကြတဲ့ လူတွေဟာ
မီးပုံကို စုဝေးပြီးထိုင်နေတယ်။

သူတို့ဆိုနေတဲ့ သီချင်းက
Country Song တစ်ပုဒ်ဖြစ်လိမ့်မယ်။
ဒါပေမယ့် အဲ့ဒီသီချင်းသံထက်
ငါဟာ လူတစ်ယောက်ကို ပိုပြီး
စိတ်ဝင်တစား ကြည့်နေမိတယ်။

လက်ကျန်ရှိနေသေးတဲ့ နေရောင်ထက်
မီးပုံဆီက အလင်းရောင်က အဲ့သည်လူရဲ့
မျက်နှာပြင်ဆီ ထင်ဟပ်နေတယ်။
လခြမ်းတွေလို ပြုံးနေတဲ့ မျက်ဝန်းတွေထဲ
ငါ အနီးကပ်ငေးကြည့်ချင်လာတယ်။

ဘီယာတစ်ဘူးမကုန်သေးပဲ
ငါရစ်မူးသွားခဲ့ရဟန်တူတယ်။

ငါ့ခံစားချက်တွေ တဖြည်းဖြည်းနဲ့
ထူးဆန်းလာတယ်။

I Love You More Than California Sunset [ Completed ]Where stories live. Discover now