ရှောင်းကျန့်က ဆန်တာမိုနီကာရဲ့ အလှတရားတွေကို နေ့ရက်တွေတိုင်းမှာ မြင်တွေ့နေရတယ်။ဒါပေမယ့်
တစ်ခုသော ညနေခင်းမှာ ဆန်တာမိုနီကာက နေဝင်ချိန်က သာမန်ထက်ပိုလှတယ်။ ခပ်လှမ်းလှမ်းက လူတစ်ယောက်ကြောင့် ဂီတာကြိုးပေါ်က လက်တွေ ချော်ပြီး ကီးအနည်းငယ်လွဲသွားတာ သူကလွဲပြီး ဆန်တာမိုနီကာဟာလဲ သိခဲ့မယ်မထင်ဘူး။
ယောက်ျားသားတစ်ယောက်ဆီက ငေးကြည့်ခံရလို့ ရင်ခုန်တာဟာ ပုံမှန်မဟုတ်မှန်း အဲ့ဒီညနေခင်းမှာသိလိုက်ရပြီးတဲ့နောက် မတတ်နိုင်ဘူး။ အဲ့ဒီလူကို သူ...စိတ်ဝင်စားမိသွားတယ်။
သူ့ဆီကို ဦးတည်ပြီး လျှောက်သွားမိတဲ့ ခြေထောက်တွေက နောင်တကင်းကင်းပဲ။အဲ့သည် အမျိုးသားက အဲ့သည်လောက်ထိ သူ့ကို ဆွဲငင်နိုင်တယ်။
'' တစ်ယောက်တည်းလား ''
လှိုင်းသံတွေကြားမှာ အဲ့သည်အမျိုးသားဟာ ခပ်ရေးရေးပြုံးလိုက်သေးတယ်။
'' အင်း... ကိုယ်တစ်ယောက်တည်း ''
ဆန်တာမိုနီကာ ပင်လယ်ရေပြင်ထက် သူ့အကြည့်တွေက နစ်မွန်းပစ်လိုက်ချင်စရာ ပိုကောင်းနေလွန်းတယ်။ သူ့ရဲ့ ရင်ခုန်သံတွေက လှိုင်းသံတွေနဲ့ ရောယှက်နေခဲ့တယ်။
သိပ်မကြာလိုက်ခင် အချိန်မှာ မီးရောင်တွေက တစ်ဆင့်ချင်း လင်းလာတယ်။ အဲ့ဒီမီးရောင်စုံတွေထက် ရှောင်းကျန့်က အဲ့ဒီလူရဲ့ အမည်နာမကို စိတ်ထဲကနေ ရေရွတ်ပစ်လိုက်ဖို့ စိတ်အားထက်သန်နေခဲ့တယ်။
''ဝမ်... ရိ... ပေါ် '' ။
အဲ့ဒီနေ့ရဲ့ညမှာ ရှောင်းကျန့်က စားပွဲမှာ ထိုင်နေရင်း သူ့ရဲ့ဒိုင်ယာရီစာအုပ်ထဲ စာကြောင်းတချို့ချရေးတယ်။ ကမ်းခြေမှာ သူတိတ်တဆိတ် ရေရွတ်မိခဲ့တဲ့ နာမည်က အဲ့ဒီညကစလို့ပဲ ဒိုင်ယာရီစာအုပ်ထဲက စာမျက်နှာတွေနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့တော့တယ်။
.
.
.
.အယ်လာက ရှောင်းကျန့်အမေ နောက်အိမ်ထောင်ဖက်နဲ့ရတဲ့ ကလေးဆိုပေမယ့် ရှောင်းကျန့်က ချစ်တယ်။ နောက်တစ်နေ့ရဲ့ မနက်မှာ မနက်စာကို မြန်မြန်သွပ်သွပ် စားရင်း အယ်လာ အလျင်စလိုလုပ်နေခဲ့တာက ရှောင်းကျန့်နဲ့ ပင်လယ်ကြီးရဲ့ဘေးမှာ ဆော့ကစားချင်တာကြောင့် ဖြစ်ခဲ့တယ်။
VOCÊ ESTÁ LENDO
I Love You More Than California Sunset [ Completed ]
Fanfic𝐷𝑒𝑎𝑟 𝐶𝑎𝑙𝑖𝑓𝑜𝑟𝑛𝑖𝑎, 𝑃𝑙𝑒𝑎𝑠𝑒 𝑚𝑎𝑘𝑒 ℎ𝑖𝑚 𝑡𝑜 𝑏𝑒 𝑚𝑖𝑛𝑒.