မျက်နှာချင်းဆိုင် ရပ်နေမိတဲ့
ပင်လယ်ပြင်ဆီမှာ လှိုင်းတွေက
လှုပ်ခတ်နေတယ်။ရှုရှိုက်နေတဲ့ ပင်လယ်လေထဲ
သူ့အငွေ့အသက်တွေ မပါနေတာကြောင့်ထင်တယ်။
ငါ့စိတ်တွေ လန်းဆန်းမနေဘူး။ဒီနေ့အတွက် ဘယ်နှကြိမ်မြောက်မှန်းမသိတော့တဲ့
သက်ပြင်းကိုချပြီး မီးရောင်စုံတွေထင်ဟပ်နေတဲ့
ပင်လယ်ဆီ ငေးကြည့်နေလိုက်မိတယ်။'' စိတ်ညစ်စရာရှိလို့လား ''
ရုတ်တရက် အနားရောက်လာတဲ့ သူက
ငါ့မျက်နှာကို အကဲခတ်သလို ကြည့်တယ်။
ငါ ဘယ်လိုလိမ်ညာနိုင်မှာတဲ့လဲ။ဘားမှာ လူများလာတော့ အလုပ်ရှုပ်သွားတဲ့
သူက ငါထွက်သွားတာကို မသိလိုက်တဲ့ အကြောင်း
ပြောတယ်။ပင်လယ်လှိုင်းသံတွေက သူ့စကားသံနဲ့
ရောယှက်နေတယ်။ ငါကတော့ လေပြေတွေကြောင့်
ဝေ့ဝဲနေတဲ့ သူ့ရဲ့ဆံစလေးတွေကို
ငေးနေမိတာ အကြောင်းမဲ့သက်သက်။'' ကိုယ် နည်းနည်းမူးလာလို့ ဒီကိုထွက်လာခဲ့တာပါ ''
ခက်တယ်။ မသင်္ကါသလိုကြည့်လာတဲ့
မျက်ဝန်းတွေထဲ ငါ့ကိုယ်ငါ ပြန်မြင်ရတယ်။'' အခု ကျွန်တော် အားသွားပြီဆိုတော့ ခင်ဗျားနဲ့ ရှိနေပေးလို့ရပြီ ''
ငါတို့ဟာ ဘေးချင်းယှဥ်လျက် ရပ်နေကြပေမယ့်
သိပ် ဝေးကွာနေလွန်းသလိုပဲ ဆန်တာမိုနီကာ။ထိတော့မလို နီးကပ်နေတဲ့ လက်လေးကိုတောင်
ဆုပ်ကိုင်ပစ်လိုက်ဖို့ ငါ့မှာ သတ္တိတွေရှိမနေဘူး။'' မားက ခင်ဗျားချောတဲ့အကြောင်းတွေပြောနေခဲ့တာ ရိပေါ်...အယ်လာကတော့ ခင်ဗျားကို ထပ်ခေါ်ခဲ့ပါဦးတဲ့... ''
'' ကိုယ် သူတို့ကိုသေချာတောင် မနှုတ်ဆက်ခဲ့ရဘူး
တောင်းပန်ပါတယ် '''' မလိုပါဘူးဗျာ ''
ငါတို့ကြား ခဏကြာ
တိတ်ဆိတ်သွားတယ်။'' ရိပေါ် ''
'' အင်း ''
'' ကျွန်တော်တို့ ပင်လယ်ထဲဆင်းကြမလား ''
YOU ARE READING
I Love You More Than California Sunset [ Completed ]
Fanfiction𝐷𝑒𝑎𝑟 𝐶𝑎𝑙𝑖𝑓𝑜𝑟𝑛𝑖𝑎, 𝑃𝑙𝑒𝑎𝑠𝑒 𝑚𝑎𝑘𝑒 ℎ𝑖𝑚 𝑡𝑜 𝑏𝑒 𝑚𝑖𝑛𝑒.