'' Pacific Park ''
ပစိဖိတ်ပန်းခြံဆိုတာ
တကယ်တော့ ပင်လယ်ပေါ်က
ကစားကွင်းတစ်ခုပဲ။ညကောင်းကင်အောက်မှာ
နီယွန်မီးရောင်စုံနဲ့ စီးနင်းကစားစရာတွေက
ငါ့ရဲ့ မျက်စိတစ်ဆုံးရှိနေတယ်။လည်ပတ်တဲ့လူတွေက
သိပ်များလွန်းတယ်။လမ်းကွဲသွားမှာစိုးလို့ ဆိုတဲ့
အကြောင်းပြချက်နဲ့
သူ့လက်ကလေးကို
ငါတယုတယ ဆုပ်ကိုင်ထားရတာက
နီယွန်မီးရောင်တွေထက် ပိုလှတဲ့
အကြောင်းအရာပဲ။'' ကျွန်တော်တို့ ဘာစီးကြမလဲ ''
ငါ့အတွက် ကစားကွင်းကို
နောက်ဆုံးရောက်ခဲ့တဲ့ အရွယ်က
သိပ်ငယ်လွန်းခဲ့တာမို့
ဒီလိုအရာတွေနဲ့ မရင်းနှီးဘူး။ငါက နီယွန်မီးရောင်တွေအောက်က
ငါ့ ကမ္ဘာငယ်လေးကိုသာ
တငေးတသနဲ့ ။ခက်တယ်။
သူ့ဆီက လွတ်မြောက်ဖို့ ဆိုတာ
သိပ်ခက်တယ်။'' ဟိုးဘက်က ရဟတ်စီးကြမလား ''
'' ကိုယ်တို့က ကလေးမှမဟုတ်တာ ''
'' ဟော! ''
ငါဟာ ဆန်တာ မိုနီကာ မှာ
အသက်ပျောက်သွားတော့မလိုပဲ။လှလွန်းတဲ့သူက တစ်ချိန်တည်းမှာပဲ
သိပ်ချစ်ဖို့ကောင်းသွားတဲ့ အခိုက်အတန့်။
ကွေးညွှတ်နေတဲ့ သူ့မျက်ခုံးလေးတွေကို
ငါချစ်တယ်ဆိုတာ ကယ်လီဖိုးနီးယားကတော့
သိလိမ့်မယ်။'' ကလေးတွေပဲ ကစားကွင်းလာပြီး ရဟတ်စီးရတာလားဗျ... အိမ်က အယ်လာဆို ကြောက်လို့ တစ်ခါမှမစီးဘူး ''
သူက သည်လိုမျိုးလဲ
နှာခေါင်းတွေရှုံ့ပြီး ငြင်းခုန်တတ်သေးတာ။ဒီလိုသာ ကြာရှည်လာရင်
ငါ သူ့စိတ်နဲ့ ရူးရလိမ့်မယ်။'' လာပါဗျာ... အဲ့ဒီအပေါ်ကနေဆို ကြယ်တွေကသိပ်လှတာ ''
ငါ့ရဲ့လက်ကို ဆွဲသွားတဲ့ လက်လေးမှာ
ငါ့ဘဝတစ်ခုလုံး ပုံအပ်ပစ်လိုက်ချင်တယ်။နောက်ပြီး ငါ့ကိုယ်ငါ မေ့ပစ်ပြီး
သူ့ကိုတော့ ငါသတိတရငေးနေချင်တယ်။
BINABASA MO ANG
I Love You More Than California Sunset [ Completed ]
Fanfiction𝐷𝑒𝑎𝑟 𝐶𝑎𝑙𝑖𝑓𝑜𝑟𝑛𝑖𝑎, 𝑃𝑙𝑒𝑎𝑠𝑒 𝑚𝑎𝑘𝑒 ℎ𝑖𝑚 𝑡𝑜 𝑏𝑒 𝑚𝑖𝑛𝑒.