'' ခင်ဗျားက ဘယ်ဆိုးလို့လဲ ''
ငါနိုင်သွားခဲ့တဲ့အတွက်
ကြားရတဲ့ ချီးကျူးစကားဟာ
ငါ့နှုတ်ခမ်းတွေကို ကွေးသွားစေတယ်။'' ကိုယ်ကအဖေနဲ့ကစားနေကျမို့လို့ပါ ''
'' ကောင်းပါတယ် ကောင်းပါတယ်
ကျွန်တော်က ခင်ဗျားတောင်းတဲ့အတိုင်း
သီချင်းဆိုပြရတာပေါ့ ''ဝန်ခံတယ်ဲ
အချိန်တိုင်းလိုလို ပြုံးရယ်နေတတ်တဲ့ လူတွေဟာ
ပေါကြောင်ကြောင်တွေပါလို့ ငါထင်ခဲ့တယ်။ဒါပေမယ့် ငါမှားခဲ့တဲ့ပုံပဲ။
သူ အချိန်တိုင်း ပြုံးရယ်နေတာတောင်
ငါ ငေးမဝဖြစ်နေရတယ်။ငါ ထင်တဲ့အတိုင်းဆို
ကယ်လီဖိုးနီးယားဟာ
ငါ့ကို အချစ်နဲ့ ပေးတွေ့ခဲ့တာ ထင်ပါတယ်။ဘာလို့အခုမှလဲ ကယ်လီဖိုးနီးယားရယ်...။
သိပ်နောက်ကျလွန်းတယ်။_______________________________
အိမ်ပြန်ရတော့မယ့် အကြောင်း
ပြောလာတဲ့သူ့ကြောင့်
နေ့လည်စာ အတူစားမယ့်ငါ့အတွေးတွေ
ပျောက်ကုန်တယ်။လေပြေတွေထဲ တိုးဝေ့ပြီး စက်ဘီးနင်းရတာ
စိတ်တွေကို ပေါ့ပါးစေတယ်။အဓိက အကြောင်းရင်းကတော့
သူနဲ့အတူ ရှိနေလို့ ဖြစ်မယ်။'' ရိပေါ်... ညနေကျ ပင်လယ်နားမှာ ကျွန်တော်စောင့်နေမယ် ''
'' အင်း ကိုယ်လာခဲ့မယ် ''
'' ကျွန်တော် နောက်ကျရင် စိတ်မဆိုးနဲ့ဦး
ဂီတာက ကြိုးတွေညှိရဦးမှာမို့လို့ဗျ '''' ကိုယ်စောင့်နေမှာပါ ''
လမ်းခွဲထွက်လာခဲ့ကြတဲ့နောက်
ဟိုတယ်ဆီပြန်တဲ့ တစ်လမ်းလုံးမှာ
ငါ ပြုံးနေမိခဲ့တယ်။ဘဝမှာ ငါတစ်ကြိမ်တစ်ခါမှ
မရခဲ့ဖူးတဲ့ ခံစားချက်အနွေးအထွေးလေးတွေ။ငါ တချို့အရာတွေကို
သတိတရရှိဖို့ မေ့နေခဲ့တယ်။________________________________
ဂီတာကို ပိုက်ပြီး ငါ့ရဲ့ဘေးကို
ဝင်ထိုင်လာတဲ့ သူက
စကားအတိုင်း အနည်းငယ်နောက်ကျတယ်။
YOU ARE READING
I Love You More Than California Sunset [ Completed ]
Fanfiction𝐷𝑒𝑎𝑟 𝐶𝑎𝑙𝑖𝑓𝑜𝑟𝑛𝑖𝑎, 𝑃𝑙𝑒𝑎𝑠𝑒 𝑚𝑎𝑘𝑒 ℎ𝑖𝑚 𝑡𝑜 𝑏𝑒 𝑚𝑖𝑛𝑒.