Episode(14)

2.6K 347 17
                                    

(U)

သေနပ်သံတွေတိတ်ဆိတ်သွားသော ည(၈)နာရီလောက်အချိန်တွင်
တစ်ရွာလုံးလည်းတိတ်ဆိတ်လို့နေလေသည်။
အရီးရွှေသည် ကလေးလေးအား ရင်ခွင်၌ ပိုက်ကာ
သူ့အိမ်ကမွေးထားသော ဆိတ်မကြီး၏နို့ရည်များကို တယုတယတိုက်ကျွေးပြီး တဂျီဂျီနှင့်အော်ငိုနေတဲ့
ကလေးအားအိပ်ပျော်စေခဲ့သည်။

အဝါဆုံးပြီးနှစ်ရက်နေ့ရောက်တဲ့အထိ မြဝင်းသည်
စခန်းမှပြန်မလာခဲ့ပါ။
စခန်းလို့ပြောရလောက်အောင်လည်း ဟိုနေ့က အပစ်အခတ်တွေက တောင်အောက်နားမှာဖြစ်ကြတယ်လို့ကြားပြီး တောင်အောက်မှာပဲ သေခဲ့သလား
အသက်ရှင်နေသေးလားဘာသတင်းမှမကြားရ။
မနက်ဖြန်ဆို ကလေးနဲ့အဝါကို လိပ်ပြာခွဲရမည့်နေ့ဖြစ်သည်။
ကလေးအဖေသည် အခုချိန်ထိ ကလေးအနားမှာရှိမနေ။

"ကိုတင်မောင်ရေ"

အိမ်ရှေ့ကခေါ်သံကြားပြီး ကိုတင်မောင် ကလေးအီးတည်နေသောကြောင့် ကျွန်တော်ကပဲအိမ်ရှေ့ထွက်လာခဲ့သည်။
အိမ်ရှေ့မှလှမ်းခေါ်သော ထိုကောင်လေးအား တောင်ပေါ်စခန်းလိုက်သွားတုန်းက ကျွန်တော်တစ်ခါမြင်ဖူးသည်။
"ဟာ စာရေးဆရာ....။ကိုတင်မောင်ရော"

"သူအနောက်မှာ ကလေးအီးတည်နေလို့ဗျ
ဘာကိစ္စလဲ မြဝင်းကိစ္စလား"

ထိုကောင်လေးသည် အသံကိုအဆုံးထိ တိုးလိုက်ပြီး ကျွန်တော့်အနားအား ကပ်ပြောသည်။
"ဟုတ်တယ် အခုတောင်နားတစ်ဝိုက်မှာ
ဂျပန်တွေခြေရှုပ်နေတယ် ကျုပ်စိတ်ထင်
စခန်းတည်နေရာသိတော့မယ်
ဒါပေမယ့်လွယ်လွယ်နဲ့တော့မပေါက်ကြားနိုင်ပါဘူး
ကျုပ်တို့က တကယ့်နပ်နပ်မှာစခန်းချထားတာဆိုတော့
ဒီကောင်တွေမြန်မြန်တော့ မဖမ်းမိနိုင်ဘူး။ ဒါပေမယ့်ခက်တာက မြဝင်းတို့အားလုံး စခန်းထဲကနေအပြင်မထွက်ရတာပဲ။
ပြန်လာရင် သင်းတို့နဲ့တွေ့မှာလေ
ကျုပ်တောင် တိုက်ပွဲဖြစ်နေတဲ့နေ့က
ရွာဘက်ကိုမသိမသာလွင့်လာတာ။
စခန်းကိုပြန်သွားမလို့ပဲ ငပုတွေကိုတွေ့တာနဲ့
ပြန်ပြန်လှည့်လာရတယ်။ အဲ့ဒါ....မြဝင်းအစား စာရေးဆရာတို့ကပဲ ကလေးကိုခေါ်ထားလို့မရဘူးလားဟင်"

"ဟာ ဒါကတော့ကျွန်တော်တို့လည်း....မွေးလို့ရရင်မွေးထားချင်တာပေါ့။ အဝါ့ဆန္ဒကရှိသေးတယ်လေ သူ့ဆန္ဒမပါဘဲဘယ်မွေးလို့ရပါ့မလဲ"

မောင်ရောင်နီ မောင်ရောင်နီ(Completed)Where stories live. Discover now