(U)
မနက်နိုးတော့ ခြင်ထောင်ထောင်ထားတာတောင်
အပြင်ဘက်ကနေဝင်ရောက်လာတဲ့ အလင်းကြောင့်
ပုံမှန်နိုးနေကျအချိန်ထက် နောက်ကျနေပြီဆိုတာသိလိုက်သည်။ ဘေးဘီကြည့်တော့ ကိုရောင်နီရှိမနေ။ ကိုယ်ပေါ်မှာလည်း အင်္ကျီစွပ်ကျယ်အပါးနဲ့
ပုဆိုးအဟောင်းတစ်ထည်ရှိနေပုံထောက် ညကကိုရောင်နီပြန်ဝတ်ပေးခဲ့တာနှင့်တူသည်။
ထိုအချိန်ခြင်ထောင်နားမှ အရိပ်တစ်ခုတွေ့လိုက်ပြီး
ခြင်ထောင်စကိုလာလှန်၍ ဝင်လာသော လူရိပ်တစ်ခုကို ဝိုးတဝါးတွေ့လိုက်သည်။။"မောင် အဆင်ပြေရဲ့လား"
ပြတင်းပေါက်နေ ဖြာကျနေတဲ့ ဖွေးဖြူဖြူနေရောင်ခြည်ကြားမှ ထိုးဖောက်လာတဲ့ ကိုရောင်နီက လက်ရှည်အပါးကို တံတောင်အထိခေါက်ထားပြီး ပုဆိုးကို သေသေသပ်သပ်ဖြင့် ဝတ်ထားသည်။
"ညကရေချိုးပေးမလို့လုပ်သေးတယ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတော့ ကျွန်တော်လည်းမနှိုးတော့ဘဲ
ရေပတ်ဝတ်နဲ့တိုက်ပေးပြီး အဝတ်တွေဝတ်ပေးထားတာ
ပြီးတော့......ဒီနေ့နားနားနေနေ နေတာပိုကောင်းမယ်
ညက.....သွေးပါထွက်ထားဆိုတော့ ကျွန်တော်......
စိတ်မကောင်းချင်ဘူး""စိတ်မကောင်းမဖြစ်......အာ့"
စကားပြောရင်း ထထိုင်မယ်လုပ်တော့ အောက်ပိုင်းနေရာ ခပ်စူးစူးနာကျင်မှုက အသက်ရှူရပ်မတတ် စို့နင့်သွားသောသည်။ သို့ကြောင့် ဖြည်းဖြည်းပဲ အိပ်ယာပေါ်ပြန်လှဲနေလိုက်၏။ ကိုရောင်နီကတော့ စိတ်မကောင်းခြင်းတို့၊ အားနာခြင်းတို့ပြည့်လျှံနေသော ခပ်ရှုံ့ရှုံ့မျက်နှာထားနှင့် ပျာပျာသလဲ အနားပိုတိုးလာတော့သည်။"ကျ....ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲဟင်။ အဲ့လောက်ထိကြီးနာစေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူးဗျာ
တကယ်တောင်းပန်ပါတယ်""ရပါတယ်ကိုရောင်နီရာ ပထမဆုံးအကြိမ်မို့
အထိမခံဖြစ်တာပါ။ အရမ်းမစိုးရိမ်ပါနဲ့ပြီးရင်အဆင်ပြေသွားလိမ့်မယ်။ သွားခင်ဗျားသာလုပ်စရာရှိတာသွားလုပ်"နောက်ဆံမတင်းပုံဖြင့် နှုတ်ခမ်းတစ်ကိုက်ကိုက်လုပ်နေသော
ကိုရောင်နီသည် ခြင်ထောင်အပြင်ထွက်သွားပြီးမှ
ပြန်ဝင်လာပြန်သည်။
"ဟို....မျက်နှာသစ်လို့သွားတိုက်ရင် သတိထားဦးနော်။ နှ....နှုတ်ခမ်းက ပေါက်နေတာတော်တော်ကြီးတယ်"