Episode(2)

6.5K 495 18
                                    

(U)

စာလုံးပေါင်းတွေတော့ ပြန်စစ်ထားတာပဲ မှားတဲ့နေရာတွေ့ရင် ထောက်ပြကြပါဦး ငယ်လေးတို့ရေ🤧

စာလုံးပေါင်းတွေတော့ ပြန်စစ်ထားတာပဲ မှားတဲ့နေရာတွေ့ရင် ထောက်ပြကြပါဉီး ငယ်လေးတို့ရေ🤧

~1930~

ပူပြီးရှိန်းလွင်နေတဲ့ တပေါင်းလရာသီရဲ့ နေအပူချိန်ဟာ
ရွာဦးကျောင်းရဲ့ ကျွန်းသားအေးမြမြကို မထိုးဖောက် အံမတုနိုင်ဘဲ ရှိနေသည်။
"ကိုရင် ဆရာတော်နဲ့ စကားပြောနေတဲ့ ဧည့်သည်တွေက မြို့ကဆို"

"ဟုတ်မှာပေါ့ အရှင် မသိဘူးလေ။ ဦးဇဥ်းဥတ္တမကို မေးကြည့်ပါလား"

အခြားသောကိုရင်တွေနှင့် ခြားနားစွာ
ကိုရင်ဓမ္မိသာရသည် မိမိကိုယ်ကို 'အရှင်'ဟူ၍သာ သုံးနှုန်းလေ့ရှိသည်။
နှစ်ယောက်သား ဆေးပြီးသားပန်းကန်ရေစိုတွေကို
အဝတ်စုတ်နှင့် သုတ်နေစဥ် ဘုရားခန်းမှ ဆရာတော်၏
ခေါ်သံကို ကြားလိုက်ရသည်။
"ကိုရင်ဓမ္မိသာရ ဒီကို လင်ဗန်းတစ်ချပ်လောက် ယူလာခဲ့ပါဦး"

ဆရာတော့်အသံကြားသည်နှင့် စင်ပေါ်က
လင်ဗန်းတစ်ချပ်ကို အပြေးယူကာ
ဘုရားခန်းထဲသို့ ကျုံ့ကျုံ့လေး ဝင်သွားသည်။ ဆရာတော်ရဲ့အမိန့်အရ ဒကာတွေအရှေ့က
လှူဖွယ်ဝတ္ထုပစ္စည်းတွေကို လင်ဗန်းပေါ်သို့
တစ်ခုချင်းကောက်တင်လိုက်သည်။

"ဒီကိုရင်လေးက အတော်ငယ်သေးတာပဲ
ဘယ်သူ့အဆက်အနွယ်တုန်းဘုရာ့"
အသားဖြူဖြူ အရွယ်ခပ်လတ်လတ်နဲ့ ဒကာကြီးက မေးမြန်းခြင်းဖြစ်သည်။

"ဒါ ​ရွာမြောက်ပိုင်းက ဖိုးမောင်ရဲ့သားလေ
သူ့မိန်းမက ဒီကလေးမွေးပြီးတည်းက ဆုံးသွားတာ
အခုဒီနှစ်မှ သူ့သားကို ကိုရင်လာဝတ်ပေးချေတယ်
ဖိုးမောင်က အသက်ကလည်းကြီးပြီး အရက်ကိုလည်း ဟိုးတုန်းတည်းကကြိုက်တဲ့လူ မဟုတ်လား
အခုလို သူ့မိန်းမဆုံးသွားတော့ အဲ့ဒါကိုအကြောင်းပြပြီး ပိုသောက်နေတော့တာပဲ ဒကာကြီးရေ
သူ့သားကိုမထိန်း​ကျောင်းနိုင်တော့ဘူးထင်ပါရဲ့"

"ဪ....ဒါနဲ့ ကိုရင် သက်တော်ဘယ်လောက်တုန်းဘုရား"

"အရှင့်သက်တော် (၇)နှစ်ပါ ဒကာကြီး"

မောင်ရောင်နီ မောင်ရောင်နီ(Completed)Donde viven las historias. Descúbrelo ahora