Episode(18)

2.4K 312 12
                                    

(U)

မျက်လုံးနားတစ်ဝိုက်က ခပ်စိုစိုနှင့် ရင်ဘက်တစ်ခုလုံးလည်း မောဟိုက်လျက် ကိုက်ခဲနေတဲ့မျက်လုံးတို့ကို အသာအယာဖွင့်ကြည့်တော့ ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ အလင်းယောင်စူးရှရှတို့သည် သက်ပြင်းကို ဟင်းခနဲချလိုက်စေမိသည်။ ဘေးကိုငဲ့ကြည့်တော့ အိပ်ယာထဲအတိုင်းသား လှဲပြီး ခြေတွေလက်တွေမြှောက်ကာ ဆော့ကစားနေသော သမီးလေးအား တွေ့လိုက်ရသည်။
အိပ်ယာပေါ်ကနေ ဆင်းလိုက်ချိန် အခန်းတံခါးဖွင့်ဝင်လာသော ကိုရောင်နီသည် မျက်နှာတစ်ခုလုံး မကျေနပ်ခြင်းများစွာနှင့် ဝေ့ဝဲနေသော မျက်ရည်ကြည်တို့က ကျုပ်ရဲ့ရင်ဝကို ဒိန်းကနဲ တက်ဆောင့်သည်။ ကျွန်တော်ခုတင်ပေါ်ကနေ ဆက်ခနဲဆင်းကာ ကိုရောင်နီ့အနားကို လှမ်းသွားလိုက်သည်။
"ကိုရောင်နီ ဘာဖြစ်လို့လဲ ဘာဖြစ်လာတာလဲ ဟင်"

ကိုရောင်နီက ပြန်မဖြေဘဲ ကျုပ်ကိုကျော်ကာ ခုတင်ပေါ်တက်ထိုင်လိုက်သည်။
ပြီးတော့ ပေါင်နှစ်ဖတ်ပေါ် တံတောင်တို့ထောက်လျက်
ခေါင်းငိုက်စိုက်ကျနေသည်။ ကျုပ်က သူ့ရဲ့အရှေ့နား အောက်မှာ ဆောင့်ကြောင့်ဝင်ထိုင်တော့ သူကကျုပ်ကို မျက်လုံးလှန်လျက် ကြည့်သည်။
"ကျုပ် ဘာကူညီရမလဲ အခုကိုရောင်နီဘာဖြစ်လာတာလဲ"

"အဖေ အဖေက ဘုန်းကြီးဝတ်တော့မယ်တဲ့။ တစ်သက်လုံးတဲ့"

"အဲ့ဒါ ဝမ်းသာစရာပဲမလား ဘာလို့ကိုရောင်နီက
ငိုနေရတာလဲ"

"ကျွန်တော်ကဝမ်းသာရမှာလား
တစ်ယောက်ပြီးတစ်ယောက်ထွက်သွားနေကြတဲ့
ဒီဘဝကြီးကို ကျွန်တော်က ပျော်နေရမှာလား။
မနေ့ကတင် အရှေ့တည့်တည့်မှာ အသတ်ခံလိုက်ရတဲ့ ဘကြီး
ပြီးတော့အခု အဖေကပါ ဒီအိမ်ကနေထွက်သွားတော့မယ်။
ဘာလို့လဲ ကျွန်တော့်အနားမှာ ဘယ်သူမှမနေချင်ကြဘူးလား ဟမ်"

"ကိုရောင်နီ ဘာလို့အခုလိုပြောရတာလဲ
ဒါဆိုမေးပါရစေဦး ကိုရောင်နီ့အဖေ
ဘုန်းကြီးတစ်သတ်လုံးဝတ်ချင်တဲ့ အကြောင်းပြချက်က ဘာတဲ့လဲ"

"သူက ဒီစီးပွားရေးတွေ နေ့မနားညမနားလုပ်ပြီး ငွေရှာရတာပင်ပန်းနေပြီတဲ့။
ပြီးတော့ ဘကြီးဆုံးတဲ့အကြောင်းကြားပြီး အရမ်းစိတ်ထိခိုက်သွားပုံရတယ်။ အဲ့တာတွေကြောင့်လို့ပြောတာပဲ"

မောင်ရောင်နီ မောင်ရောင်နီ(Completed)Where stories live. Discover now