(zawgyi)
အနည်းငယ်အညိုရောင်သမ်းနေသော နှုတ်ခမ်းပါးဆီမှ မီးခိုရောင်ဆေးလိပ်ငွေ့တွေ လေဟာနယ်ထဲ တလူလူထွက်ပေါ်လာခဲ့သည်က မြူခိုးတွေအလား။
တငွေ့ငွေ့ပျောက်ကွယ်သွားခဲ့သည့် ဆေးလိပ်ငွေ့တွေကြား ဈာန်၏ စိတ်ရှည်နှုန်းတွေပါ တရိပ်ရိပ် လွင့်ပါသွားခဲ့သလို။ဟင်းခနဲ သက်ပြင်းချရင်းမိရင်း သူ့ရှေ့တွင်ရှိနေသည့် မြင်ကွင်းကိုကြည့်လိုက်၏။အပုံလိုက်၊အပုံလိုက်မြေပြင်တွင် ပုံထားသည့် ပစ္စည်းတွေကို ပုံးတွေထဲပြန်ထည့်ကာ စစ်နေကြသည့် ဈာန့်တပည့်တစ်သိုက်။သည်ကနေ့ မြဝတီတွင် ပစ္စည်းအလှဲအလှယ်လုပ်နေကြတာ ခါတိုင်းနေ့တွေထက်ပင် အချိန်လင့်နေသလို။
စည်းစနစ်ရှိရှိ သေသေချာချာ စစ်ဆေးနေသည့် ဈာန့်တပည့်တွေကို ကြည့်လိုက် လက်မှပတ်ထားသည့် နာရီဒိုင်ခွက်ကို တစ်ချက်ကြည့်လိုက်နှင့် ဈာန့်မှာ အလိုမကျစွာ ကျစ်ခနဲစုတ်သပ်လိုက်မိသည်။
တဖြည်းဖြည်းလက်တွင်ကိုင်ထားသည့် ရူဘီဆေးလိပ်တောင့်မှာ မီးတွေစားပြီးအငွေ့တလူလူတွေထွက်ကာ မီးစာပင် ကုန်လေတော့မည်။လက်ရှိလုပ်ကိုင်နေသည့် ကိစ္စကအခုအချိန်ထိတိုင်အောင် မပြီးပြတ်သေးပေ။စံအိမ်တွင်လည်း လူကြီးဆိုလို့ သူတစ်ယောက်တည်းသာရှိသည့်အချိန်မို့ နောက်ဆံကတင်းနေရသည်။
ခါတိုင်းစောင့်နေရသည့် အချိန်ထက်ပင် ကြာမြင့်နေသည့်အတွက်ကြောင့် မျက်လုံးညိုတွေထဲ ငြိုငြင်လာသည့်အရိပ်တွေတဖွားဖွားပေါ်လာနေသည်ကို ဈာန့်မှာမထိန်းနိုင်။စိတ်ပြေလိုပြေညား ဝတ်ထားသည့် အနက်ရောင်long coatအင်္ကျီ၏ အိတ်ကပ်ထဲကိုလက်တစ်ဖက်ကို ထည့်မိ၏။
အလင်းရောင်အလုံအလောက်မရှိသည့် စက်ရုံအပျက်ကြီးထဲတွင် ခိုညည်းသံတွေမကြာခဏဆိုသလိုကြားနေရသည်။အောက်သိုးသိုးအနံ့အသက်တွေလည်း လေအဝေ့မှာ ပါလာတတ်သည်မို့ ဈာန် စိတ်အပျက်ကြီးပျက်ကာ နှာခေါင်းရှုံ့မိသည်။ထိုအချက်တွေကြောင့် ဈာန့်မှာ ဒီစက်ရုံပျက်ကြီးထဲ ကြာကြာမနေချင်တာပင်။သည့်ထက်ပိုပေရှည်နေရင်ဖြင့် မရမကဆန့်ထားသည့် စိတ်တွေ လွတ်ထွက်လာတော့မှာပင်။
YOU ARE READING
အချောလေးလက်ကရှောင်ချင်တာ ဇွန်ဘီကမ္ဘာကိုရောက်သွားတယ်