(3)

739 96 10
                                    

(zawgyi)

မြေမှုန့်များစွာပဲ ပိကျနေသလို၊အပေါ်မှနေ၍ တစ်ခုခုဖိထားသကဲ့သို့ လေးလံလွန်းနေသည့် မျက်အိတ်ခွံတွေကို ဖွင့်ဟနိုင်ဖို့ရန် ထိုက်မြတ်သောသျှံ မှာ မိနစ်အနည်းငယ်မျှကြာအောင် ကြိုးစားလိုက်ရသည်။ဦးခေါင်းတစ်ခုလုံးကို ပုရွတ်ဆိတ်တစ်သိုက် ဝင်ရောက်တွတ်ထိုးနေသကဲ့သို့ ထိုင်းမှိုင်းအုံခဲနေကာ ကိုယ်တွေလက်တွေကအစ သိသိသာသာထုံကျဉ်နေခဲ့ပြီး ကမူးရူးထူး ပုံစံနှင့် မတ်တပ်ထရပ်လိုက်မိပိါ၏။သူ့ကိုယ်ပေါ်တွင် အကျအနရှိနေသည့် long jacket ပေါ်မှာလည်း ဖုန်မှုန့်အစအနတွေ ခိုတွဲနေရာယူလျက်ရှိလေသည်။

ခေါင်းတွေထူပူနေသည့်ကြားက ယိုင်တိုင်တိုင်ဖြစ်နေသည့် ခန္ဓာကိုယ်နှင့် မနည်းမတ်တပ်ရပ်နိုင်အောင် ကြိုးစားလုပ်ယူလိုက်ရသည်။တဆစ်ဆစ် အပ်နှင့်ထိုးသလို ကိုက်လာခဲ့သည့် ဦးခေါင်းထဲသို့ ပထမဦးဆုံဝင်ရောက်နေရာယူလာသည်က ဦးဈာန်(ခေါ်)မင်းယံစိုးဈာန်။

ဦးဈာန်သည် သူနှင့်အတူ ဒီနေရာတွင်ရှိမနေခဲ့။စိုးရိမ်လှိုင်းတွေ အကြောထဲထိ စိမ့်တက်လာကာ စီးဆင်းလာသည့်နောက် ယိုင်နဲ့နေသည့် ခန္ဓာကိုယ်ကို ထိန်းကာ အခုန်မြန်နေသည့် ရင်အစုံနှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်မိ၏။

ထိုက်မြတ်သောသျှံ တင်္ဒဂ တော့ ကြောင်သွားခဲ့ရသည်။ဘာတွေဖြစ်ပျက်သွားခဲ့သလဲ မသိသည့် အခြေအနေမှာ စိမ်းသက်လွန်းနေခဲ့သည့် ပတ်ဝန်းကျင်ကို မြင်လိုက်ရသည်။စိတ်တောင်မကူးကြည့်ဖူးသည့် တစ်ခါမှမရောက်ဖူးသော နေရာဒေသစိမ်းတစ်ခုမှာ ဦးဈာန်ကို မတွေ့ရသည်ကြောင့် ရှုပ်ထွေးနေသည့် စိတ်အစဉ်က စိုးရိမ်ဖွယ်ရာအနေအထားထက်ကို ကျော်လွန်လာခဲ့ပြီဖြစ်လေသည်။

ကိုယ့်ခန္ဓာကိုတောင်မသယ်ချင်တော့သည့် အနေအထားတွင် တစ်ကိုယ်လုံး ကိုင်ရိုက်ထားခံရသလို ခံစားနေရသော်လည်း ကိုယ်ငွေ့ကိုတောင် မခံစားမိသည့် ဦးဈာန်ကိုသာ အသည်းအသန်လိုက်ရှာနေမိသည်။

တစ်သက်နှင့်တစ်ကိုယ် ဒီလို စိုးရိမ်ခြင်းမျိုးဖြင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ စိုးရိမ်ခဲ့ခြင်းမရှိခဲ့။လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ တုန်ခါနေသည့် ရင်ခုန်သံတို့က အဘယ်မျှလောက်စိုးရိမ်နေခြင်း၏ အဓိကသက်သေပင်ဖြစ်လေသည်။

အချောလေးလက်ကရှောင်ချင်တာ ဇွန်ဘီကမ္ဘာကိုရောက်သွားတယ်Where stories live. Discover now