(4)

698 90 8
                                    

(zawgyi)

ဈာန်သည် သူ့လက်ကို အသည်းအသန်နှင့် ဆုပ်ကိုင်ကာ ဆွဲခေါ်သွားခံရ ခဲ့သည့်နောက်သို့ ဘာမှမသိ ကြောင်အနေသည့် အနေအထားနှင့် လိုက်ပါသွားခဲ့ရသည်။

ရှေ့မှ လူက ဈာန့်ကို ဆွဲခေါ်သွားနေသည်မှာ မြန်ဆန်လွန်းလှသည်မို့   ဈာန် မြင်နေရသည့် ပုံရိပ်တွေသည် တဖြည်းဖြည်း ဝေဝါးလာခဲ့ကာ ဈေးနံဘေးဆီသို့ ဖြတ်ပြီးပြေးနေလေသယောင် တောင်ထင်လာရလေသည်။

အနောက်မှလိုက်နေရသည့် ဈာန့်ခြေထောက်တွေတောင် လိုက်မမှီတော့။တရစပ်ပြေးလွှားနေရသည်မို့ ခြေထောက်တွေတောင် တစ်ဖက်နှင့်တစ်ဖက် ခလုတ်တိုက်ပြီး ခွင်ချင်သလိုအနေအထားနှင့် လဲကျချင်လာသည်မို့ ဆုပ်ကိုင်ခံထားရသည့် လက်ကို သတိပေးသလို အနေအထားနှင့် ရုန်းထွက်လိုက်ပါ၏။

သို့သော် မြဲမြဲမြံမြံ ကိုင်တွယ်ထားပါသည့် အကြောစိမ်းတွေထောင်နေသည့် လက်ဖဝါးသည် ဆုပ်ကိုင်ထားသည်ကို ပိုမိုမြင့်တင်လိုက်ကာ တင်းကျပ်သထက်တောင် တင်းကျပ်လာသည်မို့ ရုန်းနေရသည့် ဖြစ်အင်သည် ဈာန့်အတွက် အချည်းအနှီးဖြစ်လို့လာခဲ့လေသည်။

နောက်ဆုံးမှာတော့ ဈာန့်အနေနှင့် ဘယ်လိုမှဆက်၍ လိုက်ပြေးဖို့ မနိုင်တော့သည်မို့ ကိုယ့်ခြေထောက်နှင့်ကိုယ် ခလုတ်တိုက်မိပြီး လဲကျလို့သွားခဲ့သည်မှာ ဗိုင်း ခနဲပင် မြည်ဟည်းလို့သွားခဲ့တော့သည်။

" ခွေးသူတောင်းစားလေး သေမလိုပြေးနေရတာလား "

မှောက်ရက်ပင် မြေပြင်ပေါ်လဲကျသွားခဲ့သည်မို့ ထောက်ရက်သားဖြစ်နေသည့် လက်နှစ်ဖက်က ဆစ်ခနဲ ဖြစ်ကာနာသည်။ကျောက်စရစ်ခဲတွေ ပါ အနှံ့အပြား လမ်းမထက်ရှိနေသည်မို့ လက်ဖဝါးပြင်ပေါ် စိုက်ဝင်လာသည့် စူးနစ်နစ် ခံစားချက်က ဖျဉ်းခနဲဖြစ်စေသည်။ဈာန်က ထိုမျှလောက် ဒဏ်ရာတွေကို မမှုတာမို့ နာကျင်မှုဝေဒနာကို လျစ်လျူရှု၍ နေနိုင်သော်လည်း သကောင့်သားလေးကြောင့် ဖြစ်ရသည်မို့ လဲကျသွားသည့် ဖြစ်ရပ်ကို ရှက်လဲရှက်မိသလို နှုတ်မှထွက်လာသည့် ခပ်ကြမ်းကြမ်းစကားတွေနှင့် ထိုကလေးကို မိုးမွှန်အောင် ဆဲရေးပါတော့သည်။

အချောလေးလက်ကရှောင်ချင်တာ ဇွန်ဘီကမ္ဘာကိုရောက်သွားတယ်Where stories live. Discover now