(zawgyi)
ဈာန်သည် ကောင်လေးတော်တော်လှမ်းလှမ်းသို့ရောက်လို့သွားခဲ့သည်ကို မြင်ကာမှ သက်ပြင်းပူတွေကို တစုတစည်းတည်းချမိပြီး ပွင့်လျက်သားဖြစ်နေသည့် အပေါက်ကြီးကို နဂိုအတိုင်း ရှိသမျှပစ္စည်းတွေနှင့် ပြန်ပိတ်လိုက်သည်။စိတ်အစဉ်က တစ်ခုခုကို စိုးထိတ်နေသလို စိတ်ကပဲလန့်နေသလိုနှင့် နေရထိုင်ရသည်က ကောင်းနေခြင်းကိုမရှိပေ။ပိတ်လို့ပြုလို့အပြီး အနည်းငယ် လုံခြုံသွားသည်ဟု ခံစားရမိကာမှ ဟင်းခနဲ သက်ပြင်းချမိပြန်သည်။သက်ပြင်းခနခန ချမိနေခြင်းကြောင့် ဒီကမ္ဘာ၌ပင် ဈာန့်မှာ အသက်မရှည်နိုင်ပဲ ဖြစ်နေချေဦးတော့မည်။
ဆေးလိပ်ယူခဲ့ဖို့ ကောင်လေးကို မမှာလိုက်မိ။ဒီလိုအခြေအနေ ဒီလိုပုံစံနှင့်ဆို ဆေးလိပ်တစ်လိပ်သောက်လိုက်ရမှ ဂဏာမငြိမ်ဖြစ်နေသည့် စိတ်တို့က ငြိမ်အေးသွားလိမ့်မည်။ဈာန့်အခုပုံစံသည် တော်တော် စိတ်ပျက်ဖွယ်ကောင်းနေလိမ့်မည်ဟု ထင်မိ၏။တစ်ကိုယ်လုံးညစ်ပတ်ပေရေနေကာ ညီးစိစိကြီးနှင့် ဖြစ်နိုင်လျှင် ရေကိုတဝကြီးချိုးပစ်လိုက်ချင်သည်။ဖုတ်ကောင်ရဲ့အနံ့အသက်တွေ ဈာန့်ကိုယ်ပေါ်မှာ စွဲလို့နေမည်ကို သိပ်ကြောက်လှ၏။
အခန်းလေးသည် ကောင်လေးမရှိတော့ ပိုပြီး တိတ်ဆိတ်နေသည်။အခုချိန် ဈာန် တစ်ယောက်တည်းရှိနေသည်။ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ဖုတ်ကောင်ကိုကြောက်နေရသည်က ရယ်ချင်စရာကောင်းလှ၏။ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်မိသည်။သွေးအေးစွာ သတ်ဖြတ်နိုင်ခဲ့သည့် သူက သည်ဘာမဟုတ်သည့် ဖုတ်ကောင်တွေနှင့်ကြမှ ခြေမခိုင်နိုင်ဖြစ်နေသည်။ဘဝက ဆိုးလှ၏။ငယ်ငယ်က ခြောက်ခဲ့သည့် ဈာန် မမှတ်မိတော့သော မိဘတွေကိုသာ ကြိတ်မနိုင်ခဲမရနှင့်သာ အပြစ်တင်နေ နေမိသည်။
သည်လိုပုံစံ အမြဲတမ်းပြေးရပုန်းနေရသည့် ဘဝနှင့် ဘယ်အချိန်ထိ ရှိနေရဦးမလဲမသိပေ။သည်ကမ္ဘာအကြောင်းကို စဉ်းစားမိသော် သူ့ဘဝ၏ ကယ်တင်ရှင်ဖြစ်သော ထိန့်ကို သတိရမိ၏။ဈာန် ငယ်ငယ်လေးနှင့် မိဘတွေကို ဆုံးရှုံးလိုက်ရတော့ မေတ္တာကို စာလုံးပေါင်းတတ်အောင် သင်ပေးခဲ့သူမှာ ထိန်တို့မိသားစုပင်။ထိန့် အဘိုးက ထိန်၏ ကိုယ်ရံတော်အဖြစ် သူ့ကိုမွေးစားခဲ့၏။
YOU ARE READING
အချောလေးလက်ကရှောင်ချင်တာ ဇွန်ဘီကမ္ဘာကိုရောက်သွားတယ်