(2)

1K 118 11
                                    

(zawgyi)

သည်ကနေ့တွင် ထူးထူးခြားခြား တောက်ပနေသည့် အလင်းရောင်တို့သည် ကြည်စင်နေသော ကောင်းကင်းတစ်လျှောက်တွင် ကူးလူးကူးသန်း သွားလာနေကြသည်။စူးရှသည့် အလင်းရောင်တွေ တစ်စုတစ်ဝေးတည်း စုမိသွားကြသည့်အခိုက် အဝါရောင်နေလုံးကြီးသည် တငြိမ့်ငြိမ့် ခုန်ကာ ကနေဟန်ရှိလေသည့် တိမ်စိုင်တိမ်ဖြူတွေကြားမှနေ ကဗျာဆန်ဆန် ဝံ့ဝံ့ကြွားကြွား ထိုးဖောက်လာလေတော့သည်။နေအလင်းရောင်သည် ကြည်လင်သော အလင်းတန်းအဖြစ် အညိုရောင်ပြတင်းတံခါးဆီမှတစ်ဆင့် ဈာန်ရှိနေသည့် အိပ်ခန်းဆီသို့ အတော်အတန် ဖြာကျလာခဲ့သည်။

မနက်ခင်းတိုင်း ဈာန် နှစ်ခြိုက်စွာ သောက်လေ့ရှိသော မိုခါးကော်ဖီခွက်ကို ဆုပ်ကိုင်ထားခဲ့ရာမှ အနီးရှိ အဝါရောင်ကျွန်းစားပွဲပေါ်သို့ အသာချလိုက်ကာ နေရောင်ခြည်အား ခစားရန် ပြတင်းပေါက်ဆီသို့ တိုးသွားလိုက်၏။တကယ်ပင် သည်ကနေ့သည် ရာသီဥတု သာယာသည့် နေ့တစ်နေ့ပင်ဖြစ်ပါ၏။အစိမ်းရောင်ရှိသော သစ်ပင်တို့သည် ဈာန့်ကိုကျီစယ်နေသည့်အလား လေအဝှေ့တွင် ယိမ်းထိုးကပြနေလိုက်သေးသည်။

ဈာန်၏ နိုးထလာသော မနက်ခင်းတိုင်းသည် ခါတိုင်းနေ့များနှင့်မတူ တိတ်ဆိတ်ငြိမ်သက်နေသည်။မြင်တွေ့နေကြ သဘာဝဆန်ဆန် လှပနေကြသည့်အရာအားလုံး သည် ဈာန့်အတွက်တော့ဖြင့် လတ်ဆတ်မှုတွေကင်းမဲ့နေခဲ့သလို။ထိန်တို့ သားအဖသည် ဈာန့်ကို ဤသို့အကြီးအကျယ်ဒုက္ခပေးနေလေ၏။

ဈာန် တည်ဆောက်ထားသည့်အသိုက်အမြုံလေးထဲ ခိုလှုံနေကြသည့် သူတွေမရှိသောအခါ အထီးကျန်ဆန်မှုကို သိသိသာသာခံစားမိလာ၏။ဈာန့်ကိုပဲ အမြဲအားကိုးကာ တိုင်တိုင်ပင်ပင်နှင့်ရှိခဲ့သော ထိန်သည် ဈာန့်အတွက် ညီအစ်ကိုရင်းပမာ အလေးထားရသူဖြစ်သည်။ထိန်ပျော်လျှင်ဈာန်ပါပျော်သည်။ထိန် ရင်ပူရလျှင် ဈာန်ပါ လိုက်ပူပင်ရသည်။ယခုတော့ ဈာန့်ကို ပစ်သွားပြီး ခရီးထွက်လို့ကောင်းကောင်းနှင့် စာမလာသတင်းမကြားရသည်မှာ ရက်မှလသို့ပင် ကူးပြောင်းလာခဲ့လေပြီ။

ဈာန်တစ်ယောက်တည်း လုပ်ငန်းတွေမလည်ပတ်နိုင်တော့လျှင် မည်သို့လုပ်ရပါမည်လဲ။ထိန်နှင့်ပတ်သက်သည့် ဆွေမျိုးသားချင်းများသည် ထိန့်သမီးစိန်လောက်ပင် အားကိုးအားထားလို့ရကြသည့်သူတွေမဟုတ်။အရှုပ်ထုပ်ကြီးကိုပွေ့ပိုက်လို့ ဈာန့်မှာနေ့တိုင်းပူပန်နေရသည်။အားအကိုးရဆုံးတပည့်တွေကိုတောင် အပါခေါ်သွားခဲ့ပြီးတော့ ဈာန့်ကိုတော့ ဘာလုပ်လုပ်ဈာန် ခေါင်းခံရမည့် လူတစ်စုနှင့်ထားပစ်ခဲ့သည်။

အချောလေးလက်ကရှောင်ချင်တာ ဇွန်ဘီကမ္ဘာကိုရောက်သွားတယ်Where stories live. Discover now