(5)

584 78 3
                                    

(zawgyi)

အခန်းသည် ဝိုးတဝါးမြင်နေရရုံ အခြေအနေနှင့် မှောင်မည်းတိတ်ဆိတ်လို့နေသည်။ဗြောက်စတောင်းရှုပ်ပွ ပျက်စီးနေသည့် အပျက်အစီးအယိုအယွင်းတွေကြားထဲတွင် သျှံတို့မှာ ကျုံ့ကျုံ့ကလေး မလှုပ်မယှက် ထိုင်နေရပေသည်။အကောင်တွေဝင်ရောက်လာမည်ဆိုးသည်က တစ်ကြောင်း ၊ရှိရှိသမျှ အန္တရာယ်တွေဝင်ရောက်လာခဲ့မှာ စိုးသည်ကတစ်ကြောင်းကြောင့် သည်အခန်းကျဉ်းကျဉ်းလေးထဲ ရှိသမျှ အပေါက်တွေအကုန် တွေ့သမျှ၊မြင်သမျှပစ္စည်းတို့ဖြင့် ပိတ်ဆို့ထားရ၏။ပျက်စီးနေသော စားပွဲခုံကျိုးတွေဖြင့်လည်းကောင်း၊ခနော်ခနဲ့ ထိုင်ခုံတွေဖြင့် လည်းကောင်း ဘယ်အရာမှ ဤအခန်းအတွင်းသို့ ဝင်လာခြင်းမရှိအောင် တတ်နိုင်သမျှတော့ ကာကွယ်ထားရသည်။

အခန်းမှာ အသက်ရှူသံမျင်းမျင်းလေးကသာ ကြီးစိုးနေပြီး နှစ်ယောက်လုံး ဘာစကားမှဆိုခြင်းမပြုပဲ နှုတ်ပိတ်နေသဖြင့် အခန်းက ပိုလို့ပင် တိတ်ဆိတ်နေရှာသည်။ပတ်ဝန်းကျင်ရှိ အငွေ့အသက်ကလည်း အော့အန်ချင်စရာ ညှီစို့စို့အနံ့တွေကိုသာ ပေးစွမ်းလို့နေ၏။ညက နက်လာသည့်အပြင် မီးမရှိဘာမရှိ အခန်းမို့ တစ်ယောက်နှင့်တစ်ယောက်တောင် သေချာမမြင်နေရသည့် အနေအထားနှင့်မို့ ခြောက်ချားစရာပိုကောင်းလို့နေသည်။

ခါတိုင်းအချိန်ဆို အမြဲပေါက်ပေါက်ဖောက်ကာ ဦးဈာန်နှင့် ပတ်သက်လျှင် နှုတ်သွက်လျှာသွက်ရှိလွန်းနေသည့် သျှံ့မှာ အခုအချိန်တွင်တော့ တိတ်မြဲတိတ်ဆိတ်နေမိလေသည်။

သျှံသည် ဦးဈာန်ကို စကားစပြောချင်မိသော်လည်း ဘယ်စကားကို ဘယ်လိုအစပြုရမည်လည်း သျှံမသိပါချေ။အခုဏတုန်းက လျှပ်တပြက်ဖြစ်ပျက်လို့သွားခဲ့သည့် အခြေအနေသည် သျှံ့အဖို့ အမှန်တကယ်ပင် ရင်တုန်ဖို့ကောင်းလှလေ၏။ဘယ်လိုအမှားမျိုးကို ရုတ်တရက်ဆန်စွာပြုမူမိလိက်သလဲ။ဦးဈာန်ကို အမြဲစနောက်နေသည်မှာ အမှန်ဧကန်ဖြစ်ပေမယ့် ခုဏ သျှံပြုမူခဲ့သော အပြုအမူသည် မျက်နှာပူစရာကောင်းလှ၏။

ဦးဈာန် အနေနှင့် ကြည့်မည်ဆိုပါလျှင်လည်းလက်မမခံနိုင်စရာကောင်းလှ၏။ထိုသို့အကြီးကြီး ကွိုင်တတ်နိုင်သော အပြုအမူရိုင်းကို သျှံ အသိစိတ်ကင်းမဲ့စွာ ပြုလုပ်မိခဲ့သည်။ဦးဈာန်များ သျှံ့အပေါ် စိတ်ခုသွားပါလျှင် မည်သို့လုပ်ရတော့မည်လဲ။

အချောလေးလက်ကရှောင်ချင်တာ ဇွန်ဘီကမ္ဘာကိုရောက်သွားတယ်Where stories live. Discover now