🌻

58 6 0
                                    

စိတ်

စိတ်ရဲ့ အနာကို
ဘာနဲ့ တိုင်းတာမလဲ

ဖြစ်တည်မှုတစ်ခု ပျက်စီးသွားတာနဲ့
အပြီးတိုင် ပျောက်ပျက်သွားပြီလို့
မှတ်ယူကြစတမ်းလား

တစ်စုံတစ်ယောက်က
တစ်စုံတစ်ယောက်ဘဝထဲမရှိတော့ဘူးဆိုတာ
တစ်စုဲတစ်ယောက်က
တစ်စုံတစ်ယောက်ကို မေ့လိုက်ပြီဆိုတာ

ဒါတွေက မချစ်တော့ဘူးလို့
ငြင်းဆိုနေကြောင်း
အခိုင်အမာ သက်သေပြကြည့်စမ်းပါ

စိတ်ရဲ့လားရာဟာ
ဝေဒနာသက်သက်ပဲ

တစ်ခါတစ်လေ
စိတ်အနာကို သက်သာဖို့
ကိုယ့်ကိုယ်ကို ပြန်သတ်ရတယ်။

Myra
10:16PM
25.09.2021

ချစ်ခြင်းသီးသန့်တွေWhere stories live. Discover now