အေးခဲနေတဲ့ Seoul မြို့ရဲ့ ညလယ်ခေါင်မှာ
ပင်လယ်လေညှင်းတွေ ဖြတ်တိုက်သွား.ဟိုးဝေးဝေးကနေပဲ ငေးခဲ့တဲ့ ကိုယ့်ကြယ်လေးက
မတော်တဆ တမင်သက်သက် ကိုယ့်ရပ်ဝန်းဆီ မဆင်မခြင် ဆင်းသက်လို့လာခဲ့ . . . ။အနွေးအကျီၤ နောက်ကျောနဲ့ ကိုယ့်လက်ဖျားတွေ ရှပ်ထိသွားရုံလေး
ခေါင်းဆောင်းအနားစ ငှက်မွှေးလေးတွေ ပါးပြင်ကို ကျီစယ်သွားရုံလေး
အေးခဲနေတဲ့ Seoul မြို့ရဲ့ ညလယ်ခေါင်မှာ ပင်လယ်လေညှင်းတွေ ဖြတ်တိုက်သွားရုံလေး . . .။Thank you ဆိုတဲ့ စကားနဲ့တင် ရပ်ကျန်ခဲ့ရသူရဲ့ အပြန်ခရီးမှာ
Duty Free က ရေမွှေးပုလင်းတွေကြား မှောက်လျက်လဲ
ပင်လယ်လေညှင်းလေး . . .
ဖြတ်တိုက်သွားတဲ့ ပင်လယ် လေညှင်းလို ရနံ့လေး . . .
သိခွင့်ရှိတဲ့ တနေ့နေ့မှ မေးရပါဦးမယ်လေ
အခုတော့ D&G Light Blue Homme ရနံ့တွေ ငါ့အိပ်ယာထက်မှာ ပြန့်ကျဲ. . . ။10:04 PM
210829(( CK AQUA ဖြစ်ဖို့များပေမယ့်လည်း အဲအချိန်တုန်းကမှတ်မှတ်ထင်ထင် ဖြစ်နေတာ D&G ဖြစ်နေလို့ ))
#မောင့်အတွက်ရေးတဲ့စာ မဟုတ်တော့ဘူးထင်တယ် ။ မောင့်အကြောင်းရေးတဲ့စာလို့ပြောင်းရမလား LOL
#Tomybelovedone